Squarespace has currently reached $10 Billion mark

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.3.2021 | Squarespace ဟာ ယခုအခါတွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ တန်ကြေးသို့ ရောက်ရှိခဲ့ပြီဖြစ်

Website builder နှင့် web hosting ကုမ္ပဏီတစ်ခုဖြစ်သော Squarespace ဟာ ယခုအခါတွင် နောက်ဆုံးပြုလုပ်ခဲ့သော ရှယ်ယာထည့်ဝင်ရေးအစီအစဉ်တစ်ခုတွင် နောက်ထပ် ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကို ရရှိခဲ့ပြီးနောက်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် တန်ကြေးရှိသော ကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ 

အဆိုပါပွဲတွင် ကုမ္ပဏီအား လက်ရှိငွေကြေးအရ ထောက်ပံ့ပေးနေသော Accel နှင့် General Atlantic တို့မှ ပါဝင်ဆင်နွှဲခဲ့သလို အချို့သော ထောက်ပံ့ပေးသူကုမ္ပဏီအသစ်အချို့မှလည်း ပါဝင်ဆင်နွှဲခဲ့ပြီး ထိုကုမ္ပဏီများအထဲတွင် - Dragoneer, Tiger Global, D1 Capital Partners, Fidelity Management & Research Company, Funds and accounts advised by T.Rowe Price Associates Inc. နှင့် Spruce House တို့မှလည်း ပါဝင်ခဲ့ကြပါတယ်။ 

ကုမ္ပဏီရဲ့ site ပေါ်တွင် ရေးသားခဲ့တဲ့ post တစ်ခုတွင်လည်း Squarespace ရဲ့ တည်ထောင်သူနှင့် CEO ဖြစ်သူ Anthony Casalena ဟာ ကုမ္ပဏီအနေနဲ့ ထုတ်ကုန်များထပ်မံချဲ့ထွင်နိုင်ဖို့အတွက်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူအသစ်များကို ကြိုဆိုကြောင်း ဖော်ပြတဲ့အနေနဲ့ “ကျွန်ုပ်တို့ဟာ ရင်းနှီးမြှုပ်နှံသူအသစ်များကို ဝမ်းသာအားရကြိုဆိုပြီး ကျွန်ုပ်တို့ရဲ့ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုလည်း ကမ္ဘာတစ်လွှားရှိ အသုံးပြုသူများထံသို့ ရောက်ရှိနိုင်စေရန်အတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။