Square Buys Australian Company “Afterpay” for $29 billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.8.2021 | Square မှ ဩစတေးလျှနိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Afterpay ကို ကန်ဒေါ်လာ ၂၉ ဘီလျံဖြင့် ဝယ်ယူခဲ့ 

Payment app တစ်ခုဖြစ်တဲ့ Square ဟာ ဩစတေးလျှနိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Afterpay ကို ကန်ဒေါ်လာ ၂၉ ဘီလျံတန်ဖိုးရှိတဲ့ စတော့ရှယ်ယာများဖြင့် ဝယ်ယူခဲ့ကြောင်းကို ဩဂုတ်လ ၁ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Afterpay ဆိုသည်မှာ အမေရိကတွင် ၂၀၁၈ ခုနှစ်က စတင်၍ဝန်ဆောင်မှုပေးခဲ့တဲ့ “Buy now, pay later” ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ယခုအခါ online ပေါ်တွင် ထိုကဲ့သို့သော “Buy now, pay later” ပုံစံများဟာ ခေတ်စားလာခဲ့ပြီး Apple ဟာလည်း သူတို့ရဲ့ digital wallet ဖြစ်တဲ့ Apple Pay ပေါ်တွင်ထိုသို့သော ဝန်ဆောင်မှုတစ်ခုကို ထည့်သွင်းဖို့ စီစဉ်လျှက်ရှိကြောင်း Insider သတင်းတစ်ပုဒ်တွင် ဖော်ပြထားခဲ့ပါတယ်။ 

Twitter ရဲ့ CEO ဖြစ်သူ Jack Dorsey မှ ပိုင်ဆိုင်ထားတဲ့ Square ဟာ Afterpay ရဲ့ buy now, pay later ဝန်ဆောင်မှုကို သူတို့ရဲ့ Seller နှင့် Cash app ထုတ်ကုန်များတွင် အသုံးပြုသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Afterpay ဆိုသည်မှာ သုံးစွဲသူများကို ၂ ပတ်လျှင်တစ်ကြိမ်ဖြင့် ၄ ကြိမ်ခွဲ၍ပေးသွင်းစေခြင်းအားဖြင့် ဝယ်ယူမှုများကို ပြုလုပ်နိုင်စေမယ့် ဝန်ဆောင်မှုတစ်မျိုးပဲဖြစ်ပါတယ်။ အသုံးပြုသူက ကနဦးတွင် ပစ္စည်းတန်ဖိုးရဲ့ ၂၅% ကိုသာ ပေးသွင်းဖို့လိုအပ်မှာဖြစ်ပြီး ဝယ်ယူလိုတဲ့ကုန်ပစ္စည်းကို တစ်ပါတည်းယူဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ payment များကိုတော့ အသုံးပြုသူရဲ့ အကောင့်မှ အလိုအလျှောက်ဖြတ်တောက်သွားမှာဖြစ်ပြီး အကယ်၍ အချိန်မှီငွေပေးချေခြင်းကို မပြုလုပ်နိုင်ခဲ့ပါက အသုံးပြုသူမှ ဒါဏ်ကြေးပေးဆောင်ရပြီး ကျန်ရှိနေသေးတဲ့ ပေးခြေစရာများကို ပေးခြေခြင်းမပြုမှီအထိ သူတို့ရဲ့အကောင့်ကို lock ပြုလုပ်ထားမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။