Square announced to change its name to Block

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.12.2021 | Square မှ ၎င်းတို့ရဲ့ ကုမ္ပဏီအမည်ကို Block ဟူသည့်အမည်သို့ ပြောင်းလဲအသုံးပြုသွားတော့မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန် 

Twitter CEO ဟောင်း Jack Dorsey မှ အခြားသူတစ်ဦးနှင့်လက်တွဲ၍ စတင်တည်ထောင်ခဲ့သော Square ဟု အမည်ရတဲ့ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီဟာ ၎င်းတို့ရဲ့ အမည်ကို Block ဟု ပြောင်းလဲတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ရက်နေ့က ကြေငြာချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ 

“Block ဟူတဲ့ အမည်ကို ပြောင်းလဲလိုက်ရခြင်းဟာ ကုမ္ပဏီရဲ့ တိုးတက်မှုများနဲ့ ကိုက်ညီမှုရှိစေရန်အတွက်ဖြစ်ပါတယ်” ဟူ၍ Square က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။ “Block ဆိုတာကတော့ စီးပွားရေးများတိုးတက်စေလိုတဲ့ ဆန္ဒကြောင့် ပေါင်းစည်းပါဝင်လာကြမယ့် များစွာသော လုပ်ငန်းများနဲ့ ဆက်စပ်နေသော ecosystem တစ်ခုဖြစ်ပြီး များစွာသော လူများ၊ အနုပညာရှင်များ၊ fan များ၊ developer များနဲ့ ဈေးရောင်းချသူများကို ဝန်ဆောင်မှုများပေးသွားနိုင်မှာဖြစ်ပါတယ်” ဟူ၍လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်. 

Block ရဲ့ ပြောကြားချက်အရ ဒီလို အမည်ပြောင်းလဲလိုက်ခြင်းရဲ့နောက်ကွယ်မှာ မည်သို့သော အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြောင်းလဲမှုမျိုးမှရှိလာမှာမဟုတ်သော်လည်း ကုမ္ပဏီရဲ့ Square Crypto လုပ်ငန်းအသစ်ကိုတော့ Spiral ဟု အမည်ပြောင်းလဲဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရှိရပြီး အဆိုပါ Block ဟူ၍ အမည်သစ်ပြောင်းလဲလိုက်ခြင်းဟာ ဒီဇင်ဘာ ၁၀ ရက်နေ့မှစတင်၍ တရားဝင်ဖြစ်လာတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။