Spotify started group sessions

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.5.2020 | Spotify မှ group session လုပ်ဆောင်ချက်ကို စတင်ခဲ့ပါတယ်။

Spotify ဟာ အိမ်တွင်းပါတီပွဲများနှင့် ညနေခင်းများကို သူငယ်ချင်းများနဲ့ဖြတ်ကျော်ရန် သင့်တော်မှု ရှိတဲ့ လုပ်ဆောင်ချက်အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Group sesssion လုပ်ဆောင်ချက်ဖြင့် သင်ဟာ အားလုံးကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ 

Group session ၏လုပ်ဆောင်ချက်အားဖြင့် သီချင်းများကို တစ်ယောက်တည်းကပဲထိန်းချုပ်နိုင် မှာမဟုတ်ပဲ Spotify Premium အကောင့်ရှိတဲ့မည်သူမဆိုဟာ အဆိုပါ session ကို ဝင်ရောက် ပါဝင်နိုင်ပြီး ဘယ်သီချင်းကိုဖွင့်ရမလဲဆိုတာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

သင့်ရဲ့ mobile ဖုန်း (သို့) tablet ရှိ other devices tab ပေါ်တွင် သင်ဟာ သင့်ရဲ့ ကွန်ပြူတာများနှင့် mobile ဖုန်းများသာမကပဲ ဘားကုဒ်များကိုလဲ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အဆိုပါ ကုဒ်ကို scan ပြုလုပ်လိုက်တဲ့ မည်သူမဆိုဟာ သင့်ရဲ့ group session ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာမှာဖြစ်ပါ တယ်။ 

သင့်သူငယ်ချင်းတွေရဲ့  device များကို “Scan to join“ ခလုတ်ကိုနှိပ်ပြီး scan ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးနောက် သင့်သူငယ်ချင်းတွေရဲ့ device တွေပေါ်မှာ သင်ဟာ သီချင်း များကိုလှမ်းပြီးဖွင့်နိုင်မှာဖြစ်ပါတယ်။ 

ဒီလုပ်ဆောင်ချက်အသစ်ဟာ အများပြည်သူအသုံးပြုရန် စမ်းသပ်သည့်အဆင့်မှာပဲရှိနေပါသေး တယ်။ TechCrunch server ရဲ့ပြောကြားမှုအရ ထိုအရာကို ပြီးခဲ့တဲ့နှစ်ကတည်းက စမ်းသပ်နေ တာဖြစ်ပါတယ်။ သို့သော်လည်း Spotify ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ကန့်သတ်ထားတဲ့ လုံခြုံရေးဆိုင်ရာကြိုတင်ပြင်ဆင်မှုများနှင့်သာ ထိုအရာမှာ တရားဝင်ထွက်ရှိလာလိမ့်မည်ဟု မျှော်လင့်ရပါသည်။ 

(Unicode)






သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။