Spotify offers a playlist for pets

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.3.2020 | Spotify က အိမ်မွေးတိရစ္ဆာန်များအတွက် တေးသီချင်းများကို ထုတ်လွှင့်ခဲ့ပါတယ်။

Spotify ဆိုတဲ့ အွန်လိုင်းပေါ်မှ သီချင်းနားဆင်နိုင်တဲ့ platform ဟာ မကြာသေးမှီကပင် လုပ်ဆောင်ချက်အသစ် တစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုအခါ သင့်ရဲ့ playlist ကို သင့်အိမ်မွေးတိရစ္ဆာန်များအတွက် သင့်လျော် အောင် ပြင်ဆင်ထားနိုင်မှာပဲဖြစ်ပါတယ်။ 

အဆိုပါကုမ္ပဏီဟာ ဒီလုပ်ဆောင်ချက်အသစ်ကို သူတို့ရဲ့ application ပေါ်မှတွေ့ရှိချက်များအရ အိမ်မွေး တိရစ္ဆာန်ရှိတဲ့ ၇၄% ခန့်သော ဗြိတိန်နိုင်ငံသားများဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များအတွက် သီချင်းများဖွင့်ပေး တတ်တဲ့အတွက်တီထွင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဖြေကြားသူ ၄၂% ခန့်က သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များတွင် ၎င်း တို့ကနှစ်သက်တဲ့သီချင်းပုံစံများရှိပြီး ထိုထဲကအချို့ကတော့ ၎င်းတို့ဟာ စည်းချက်နဲ့လိုက်ပြီး ကခုန်နေတာကိုပါ တွေ့မြင်ခဲ့ရတယ်လို့ဆိုပါတယ်။ PetPlaylist ဟာ ခွေးများ၊ ကြောင်များအတွက်သာမကပဲ Hamster များ၊ ဌက် များနဲ့ ပုတ်သင် (iguana) များအတွက်ပါ အထူးသီချင်းစာရင်းများရှိနေပါတယ်။ အကယ်၍ သင့်အနေနဲ့ ဒီ ဝန်ဆောင်မှုကို စမ်းသပ်ကြည့်လိုပါက ဘေးဘက်က menu တွင် သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်ကိုရွေးချယ်ပြီးနောက် သင့်ရဲ့ playlist ကိုသင့်အတွက်သီးသန့်ပြင်ဆင်ပေးနိုင်ရန်အတွက် မေးခွန်းအချို့ကိုတော့ဖြေကြားပေးဖို့လိုအပ်ပါ လိမ့်မယ်။ ပြီးနောက် သင့်ရဲ့ကိုယ်ပိုင်ဓါတ်ပုံကို upload လုပ်ပြီး သင့်အိမ်မွေးတိရစ္ဆာန်ရဲ့ အမည်ကိုလဲထည့်သွင်း ရမှာဖြစ်ပါတယ်။ ဒီအဆင့်များပြီးရင်တော့ Spotify က သင့်ကို အလားတူ သီချင်းစာရင်းပြုလုပ်ထားတဲ့သူတစ် ဦးရဲ့ ဆင်တူတဲ့ playlist ကို ချိတ်ဆက်ပေးမှာဖြစ်ပြီး သင်အိမ်မှာမရှိရင်တောင်မှာ သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေ မပျင်းရအောင် ဖျော်ဖြေပေးနိုင်မှာပဲဖြစ်ပါတယ်။ သင့်အိမ်တွင် ခွေးမွေးထားပါက သူ့အတွက် အထူး အသံ ဖိုင်းဇာတ်လမ်းများ၊ ပုံပြင်များနဲ့ စိတ်ကိုငြိမ်းချမ်းစေမယ့်သီချင်းများကို ဖွင့်ထားပေးနိုင်မှာပဲဖြစ်ပါတယ်။ 
 

(Unicode)

 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။