Spider-Man: No Way Home Opening Night broke most Box office records

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.12.2021 | Spider-Man: No Way Home ရုပ်ရှင်ဖွင့်ပွဲညတွင် Box office record အများစုကို စံချိန်တင်ချိုးဖျက်နိုင်ခဲ့

Spider-Man: No Way Home ဟာ အမေရိကတိုက်ရှိ အချို့သော အကြီးဆုံး ရုပ်ရှင်ရုံများတွင် ယခင် box office record များကို ၎င်းရဲ့ပထမဆုံးဖွင့်ပွဲညတွင်ပင် စံချိန်တင်ကျော်ဖြတ်သွားခဲ့ပါတယ်။ ဒါဟာ COVID-19 ကပ်ရောဂါအတွင်းမှာ ဆက်လက်ရပ်တည်နိုင်ဖို့ခက်ခဲနေတဲ့ ရုပ်ရှင်ရုံလုပ်ငန်းများအဖို့တော့ ကြီးမားတဲ့သတင်းတစ်ခုပဲဖြစ်ပါတယ်။

AMC မှ ပြီးခဲ့တဲ့သောကြာနေ့ (ဒီဇင်ဘာလ၊ ၁၇ ရက်နေ့) တွင် Spider-Man: No Way Home ရုပ်ရှင်ဖွင့်ပွဲသို့ ရုပ်ရှင်လာရောက်ကြည့်ရှုသူပေါင်း ၁.၁ သန်းခန့်တက်ရောက်ခဲ့တယ်လို့ ကြေငြာမှုပြုလုပ်ခဲ့ပြီး AMC ရဲ့ သမိုင်းတစ်လျှောက် ဒီဇင်ဘာလတွင်စတင်ပြသခဲ့တဲ့ရုပ်ရှင်ကားများအနက် အမြင့်ဆုံးစံချိန်တင်သွားနိုင်ခဲ့ပါတယ်။ Cinemark ကတော့ အဆိုပါရုပ်ရှင်ရဲ့ဖွင့်ပွဲကို “၎င်းတို့ရဲ့သက်တမ်းတစ်လျှောက် အကောင်းဆုံးဖွင့်ပွဲညတစ်ခုဖြစ်တယ်” လို့ ပြောကြားခဲ့ပြီး Regal ရဲ့ အဆိုအရ ထို Spider-Man ရုပ်ရှင်ဟာ ၎င်းတို့ရဲ့သမိုင်းတစ်လျှောက် ဒုတိယအမြင့်မားဆုံး Thursday box office title တစ်ခုဖြစ်လာခဲ့ပြီး IMAX, 4DX, ScreenX နှင့် RPX format များတွင်လည်း စံချိန်များကို ချိုးဖျက်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Regal ရဲ့ မူရင်းကုမ္ပဏီဖြစ်တဲ့ Cineworld ရဲ့ CEO ဖြစ်သူ Mooky Greidinger ကတော့ “Spider-Man: No Way Home ရဲ့အောင်မြင်မှုများဟာ ကျွန်ုပ်တို့ထင်ထားတာထက်တောင်မှ ပိုနေခဲ့ပါသေးတယ်” ဟူ၍ မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။