SpaceX’s satellite internet service Starlink is now available in 32 countries

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.5.2022 | SpaceX ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှု Starlink ကို ယခုအခါ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ရရှိနိုင်ပြီ

SpaceX ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Starlink ဟာ ယခုအခါတွင် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၃၂ နိုင်ငံတွင် ရယူအသုံးပြုနိုင်ပြီဖြစ်တယ်လို့ SpaceX က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

ယခင်က မှာယူမှုပြုလုပ်ထားတာတွေနဲ့ မတူတာကတော့ Starlink က ယခုအသစ်ရရှိနိုင်မယ့်နိုင်ငံများရှိ ကြိုတင်မှာယူထားသူများထံသို့ ၎င်းတို့ရဲ့ Receiver ဗန်းများကို ချက်ခြင်းတင်ပို့ပေးသွားမှာဖြစ်တယ်လို့သိရှိရပီး ယခင်ကတော့ အဆိုပါ Receiver ဗန်းများကို ရရှိနိုင်ဖို့အတွက် အသုံးပြုသူများက လအနည်းငယ်ကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ 

Starlink က Twitter ပေါ်တွင်လည်း ၎င်းတို့ရဲ့ ဝန်ဆောင်မှုရရှိနိုင်တဲ့နေရာများရဲ့ မြေပုံ screenshot ကို မျှဝေဖော်ပြပေးခဲ့ပြီး အဆိုပါ screenshot အရ ၎င်းတို့ရဲ့ဝန်ဆောင်မှုဟာ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်ရှိ ဒေသအများစုနှင့် တောင်အမေရိကတိုက်၊ ဩစတေးလျတိုက်နှင့် နယူးဇီလန်နိုင်ငံများတွင်လည်း ရရှိနိုင်ပြီဖြစ်ပါတယ်။ အခြားသော ကမ္ဘာ့နိုင်ငံများနဲ့ အာဖရိကတိုက်တစ်ခုလုံးကိုတော့ “မကြာမီတွင်ရရှိနိုင်မည်” ဟူ၍ ဖော်ပြထားပြီး ခန့်မှန်းခြေအရ ၂၀၂၃ ခုနှစ်ခန့်တွင် ထိုအထဲက နေရာအတော်များများတွင်ရရှိနိုင်ဖို့မျှော်မှန်းထားကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။