South Korean SK Group will invest up to $100 million in Financial Technology Unit of AirAsia

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.8.2021 | တောင်ကိုရီးယားအခြေစိုက် SK Group မှ AirAsia ရဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီခွဲတွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်သွားမည်ဖြစ်

တောင်ကိုရီးယားနိုင်ငံအခြေစိုက် SK Group ကုမ္ပဏီဟာ မလေးရှားနိုင်ငံအခြေစိုက် Budget Ariline တစ်ခုဖြစ်တဲ့ AirAsia Group ရဲ့ ဘဏ္ဍာရေးနည်းပညာကုမ္ပဏီခွဲတွင် ကန်ဒေါ်လာ သန်းပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့က AirAsia မှ ထုတ်ဖော်ပြောကြားခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

BigPay ဟုအမည်ရတဲ့ AirAsia ရဲ့ Digital နည်းပညာကုမ္ပဏီခွဲဟာ Prepaid အကြွေးဝယ်ကဒ်များ၊ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများ၊ အသေးစားအာမခံနှင့် ဘီလ်ပေးဆောင်ရေးလုပ်ငန်းများကို ပြုလုပ်လျှက်ရှိနေတဲ့ ငွေကြေးစီမံခန့်ခွဲရေး Tool တစ်ခုပဲဖြစ်ပါတယ်။

BigPay ရဲ့ CEO ဖြစ်သူ Salim Dhanani က “ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်ကတော့ BigPay ကို အရှေ့တောင်အာရှတွင် အကြီးဆုံးသော ဘဏ်တစ်ခုဖြစ်လာစေဖို့ပဲဖြစ်ပါတယ်” ဟူ၍ပြောကြားခဲ့သလို BigPay ဟာ ထိုင်းနိုင်ငံနှင့် အခြားသောအရှေ့တောင်အာရှနိုင်ငံများသို့လည်း တစ်ကိုယ်ရေချေးငွေများနှင့် ကာလတိုချေးငွေများချပေး၍ တိုးချဲ့မှုများပြုလုပ်သွားရန် စီစဉ်ထားကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် BigPay ဟာ မလေးရှားနိုင်ငံတွင် စက်မှုလုပ်ငန်းတိုးချဲ့ရေး ဘဏ္ဍာငွေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Berhad နဲ့ Private Equity ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ikhlas Capital တို့နှင့်လည်း ပူးပေါင်း၍ Digital Banking လိုင်စင်ကိုလျှောက်ထားမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသေးတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။