South Korea will use AI and Facial Recognition Technologies to fight off COVID

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.12.2021 | COVID ရောဂါအား တိုက်ဖျက်နိုင်ရန် AI နှင့် မျက်နှာသွင်ပြင်မှတ်သားမှုနည်းပညာများကို တောင်ကိုရီးယားမှ အသုံးပြုသွားမည်

တောင်ကိုရီးယားနိုင်ငံ၌ မကြာမှီတွင် AI, Facial Recognition နည်းပညာများနှင့် ထောင်ပေါင်းများစွာသော CCTV ကင်မရာများကိုအသုံးပြု၍ coronavirus ကူးစက်ခံထားရသူများ၏ သွားလာလှုပ်ရှားမှုများကို မှတ်တမ်းတင်၍ ခြေရာခံစောင့်ကြည့်နိုင်စေမည့် ပရောဂျက်တစ်ခုကို Privacy ကို ထိပါးမှုရှိလာနိုင်တယ်လို့ ပြောကြားမှုများအကြားတွင်ပင် စတင်စမ်းသပ်လျှက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါ နိုင်ငံတော်မှထောက်ပံ့ကူညီပေးမည့် project ကို Seoul မြို့နှင့် ထိစပ်လျှက်ရှိသော လူဦးရေအထူထပ်ဆုံးမြို့တစ်မြို့ဖြစ်တဲ့ Bucheon တွင် စတင်ပြုလုပ်သွားမှာဖြစ်ပြီး ဇန်နဝါရီလမှ စတင်၍ operation များကို စတင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြို့ပြအရာရှိတစ်ဦးမှ Reuters သို့ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အဆိုပါ စနစ်ဟာ AI algorithm များနှင့် Facial recognition technology ကို အသုံးပြု၍ CCTV ကင်မရာပေါင်း ၁၀,၈၂၀ ခုမှ စုစည်းရရှိလာတဲ့ ရိုက်ကူးမှုပုံရိပ်များကို တိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ပြီး COVID ရောဂါကူးစက်ခံထားရသူရဲ့ လှုပ်ရှားမှုများ၊ ၎င်းတို့နဲ့ နီးကပ်စွာဆက်ဆံခဲ့သူများနှင့် ၎င်းတို့မှ Mask ကို ဝတ်ဆင်ထားခြင်းရှိ/မရှိ အစရှိသည့်အချက်များကို ခြေရာခံစောင့်ကြည့်နိုင်မှာဖြစ်တယ်လို့ မြို့တော်မှ သိပ္ပံနှင့် ICT ဝန်ကြီးဌာနသို့ ပေးပို့ခဲ့တဲ့ စာမျက်နှာ ၁၁၀ ပါ လုပ်ငန်းအစီအစဉ်တွင် ဖော်ပြထားကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။