SoundCloud reducing it's global workforce by 20%

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.8.2022 | SoundCloud မှ ကမ္ဘာတစ်လွှားရှိ ၎င်းတို့ဝန်ထမ်းအင်အားစုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းကို အလုပ်မှထုတ်ပယ်လျှက်ရှိနေ 

Streaming ကုမ္ပဏီတစ်ခုဖြစ်တဲ့ SoundCloud ဟာ ကမ္ဘာတစ်လွှားရှိ ၎င်းတို့ဝန်ထမ်းအင်အားစုစုပေါင်းရဲ့ 20% ရာခိုင်နှုန်းကို လျှော့ချလျှက်ရှိနေကြောင်းသိရှိရပါတယ်။ 

ဩဂုတ်လ ၃ရက်နေ့တွင် Billboard မှ ရေးသားခဲ့တဲ့သတင်းများအရ SoundCloud CEO Michael Weissman က ကုမ္ပဏီဝန်ထမ်းများသို့ရေးသားခဲ့တဲ့ စာတစ်စောင်တွင် ဒီအပြောင်းအလဲကို လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေများကြောင့် ပြုလုပ်ခဲ့ရတာဖြစ်ပြီး အကျိုးသက်ရောက်မှုဖြစ်မည့်ဝန်ထမ်းများကို လာမည့်ရက်အနည်းငယ်အတွင်း ကြိုတင်အသိပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Billboard သို့ ပြောကြားခဲ့တဲ့ကြေငြာချက်တွင် SoundCloud ရဲ့ ပြောရေးဆိုခွင့်ရသူမှ အဆိုပါသတင်းကို အတည်ပြုခဲ့ပြီး "ဒီခက်ခဲတဲ့ကာလများအတွင်းတွင် ကျွန်ုပ်တို့ဟာ ဂီတရဲ့အနာဂါတ်ကို ဦးဆောင်ဖို့ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ပိုမိုအားဖြည့်နေစဉ်တွင် ကူးပြောင်းမှုကို ဖြတ်သန်းနေရတဲ့သူများအတွက် ထောက်ပံ့မှုနဲ့ အရင်းအမြစ်များကို ပိုမိုအာရုံစိုက်ပေးအပ်သွားဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟူ၍ ပြောကြားခဲ့ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။