Sort by most relevant or recent posts? Facebook will give you a choice

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.3.2020 | ပို့စ်များကို ဆက်စပ်မှုအရှိဆုံး (သို့) လောလောလတ်လတ်တင်ထားတဲ့ပို့စ်များ အနေနဲ့စီစဉ်နိုင်စေဖို့ Facebook က သင့်ကိုရွေးချယ်နိုင်ခွင့်ပေးတော့မှာဖြစ်ပါတယ်။

Facebook ဟာ သူတို့ရဲ့ Social Network များတွင် စမ်းသပ်လေ့လာမှုများပြုလုပ်ရန်လိုလားကြပါတယ်။ မကြာ ခဏဆိုသလိုပင်သူတို့ဟာ အနုတ်သဘောဆောင်တဲ့ တုန့်ပြန်မှုဆိုးတွေကိုရရှိတတ်ကြသော်လည်း အချို့လုပ် ဆောင်ချက်များကတော့အောင်မြင်မှုရှိခဲ့ပြီး ထိုအရာများကို ကျွန်ုပ်တို့ယနေ့တွင်တွေ့မြင်နေရတာပဲဖြစ်ပါတယ်။  မိမိတို့ရဲ့ Wall ပေါ်ရှိပို့စ်များကို စီစဉ်နိုင်မယ့် option အသစ်ကရော ဖြစ်လာနိုင်ပါ့မလား? 

ယခင်က ပို့စ်များဟာ အချိန်အစီအစဉ်အလိုက် သတ်မှတ်ရွေးချယ်ထားတဲ့ပို့စ်ချန်နယ်လ်ပေါ်တွင် ပြသထားသည် ကို သင်တို့မှတ်မိကြဦးမယ်ထင်ပါတယ်။ သို့သော်လည်း ပိုမိုရှုပ်ထွေးတဲ့တွက်ချက်မှုတွေရဲ့အကူအညီနဲ့ တိုးတက် အောင်လုပ်ဆောင်ချက်များနှင့်အတူ Facebook ဟာ ဆက်စပ်မှုရှိတဲ့ပို့စ်များကို စီစဉ်ပေးတဲ့ပုံစံသို့ပြောင်းလဲခဲ့ပါ တယ်။ ဒီ တွက်ချက်မှု (Algorithm) တွေက သင့်ရဲ့ ပို့စ်တွေအပေါ်မှာ like ပေးမှု၊ comment ပေးမှုတွေအပေါ် မှာမူတည်ပြီး သင်ဘယ်ပို့စ်တွေကို ကြိုက်လောက်သလဲဆိုတာနဲ့ ဘယ်လိုအကြောင်းအရာတွေကို သင်နှစ်သက် သလဲဆိုတာကိုတွက်ချက်အကဲဖြတ်ပေးမှာဖြစ်ပါတယ်။ Facebook က ဒီ ပို့စ်တွေကိုစီစဉ်မှုပုံစံအသစ်သို့ ပြောင်းလဲလိုက်တဲ့အခါမှာ များစွာသောအသုံးပြုသူတွေက စောဒကတက်မှုများကိုပြုလုပ်ခဲ့ပြီး အသစ်ဆုံးမှ အဟောင်းဆုံးသို့ စီစဉ်ပေးတဲ့ အစီအစဉ်အတိုင်း ပြန်လည်ကာပြုပြင်ပေးဖို့ကို တောင်းဆိုခဲ့ပါတယ်။ ဒီ လူမှုကွန်ယက်ကုမ္ပဏီက ဒီတောင်းဆိုချက်များကို နောက်ဆုံးတွင်ကြားနာပေးခဲ့ပြီးနောက် သင်နှစ်သက်တဲ့ စီစဉ် မှုပုံစံကိုရွေးချယ်နိုင်မယ့်လုပ်ဆောင်ချက်ကို တီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ သင့်အနေနဲ့ ပို့စ်ကိုစီစဉ်မှုများကို လတ်တလောတင်ထားတဲ့ပို့စ်များ၊ ဆက်စပ်မှုအရှိဆုံးပို့စ်များနဲ့ ကြည့်ပြီးသားပို့စ်များ အနေနဲ့ ရွေးချယ်သတ်မှတ် နိုင်တော့မှာဖြစ်ပြီး သူတို့ဟာ ပို့စ်ချန်နယ်လ်များကိုပိုမိုရှင်းလင်းမှုရှိစေရန်နှင့် မတူကွဲပြားသော ဖန်သားပြင်အမျိုး အစားများအပေါ်တွင် စမ်းသပ်မှုများပြုလုပ်ခြင်းတို့ကိုလုပ်ဆောင်လျှက်ရှိနေသည်ဟု Facebook မှ ပြောကြားခဲ့ ပါတယ်။ သို့သော်လည်း ဒီအရာက ကုမ္ပဏီအတွင်းစမ်းသပ်မှုအဆင့်မှာပင်ရှိနေသေးပြီး အသုံးပြုသူများဟာ beta test တွင် ပါဝင်နိုင်မှာမဟုတ်ပါဘူး။ 

(Unicode)



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။