Sony wants to bring 'popular' PlayStation game franchises to phones

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.4.2021 | လူကြိုက်များရေပန်းစားခဲ့သော PlayStation ဂိမ်း franchise များကို ဖုန်းများပေါ်သို့ယူဆောင်လာရန် ဆိုနီမှ အားထုတ်သွားရန်ရှိနေ 

SonyPlayStation Studio တွင် PlatStation ရဲ့ လူကြိုက်အများဆုံး ဂိမ်း franchise များကို မိုဘိုင်းလ်ဖုန်းများသို့ယူဆောင်လာနိုင်ရန်အတွက် executive ဝန်ထမ်းတစ်ဦးကိုခေါ်ယူဌားရမ်းလျှက်ရှိနေတာကို Eurogamer မှ သတိထားမိခဲ့ပြီး ထိုအကြောင်းအား သတင်းတစ်ပုဒ်ရေးသားခဲ့ပါတယ်။ 

အဆိုပါသတင်းတွင် ဂိဲမ်းအမည်များနှင့် အချိန်ကာလသတ်မှတ်ချက်များကို ဖော်ပြထားခြင်းမရှိသော်လည်း အဆိုပါ Mobile ဖုန်းဌာနရဲ့ခေါင်းဆောင်သူအသစ်အနေနဲ့ ၃ နှစ်မှ ၅ နှစ်ကြာ ဗျူဟာတစ်ခုရေးဆွဲသွားနိုင်ခြေရှိနေပါတယ်။ 

ဆိုနီဟာ Mobile ဖုန်းများပေါ်သို့ဈေးကွက်ချဲ့ထွင်လာခြင်းဟာ အံ့အားသင့်ဖွယ်ရာတော့မရှိလှပါဘူး။ အကယ်၍ ပိုမိုများပြားတဲ့ သုံးစွဲသူပရိသတ်ထံမှောက်သို့ သူတို့ရဲ့ဂိမ်းများကိုပို့ပေးနိုင်မယ်ဆိုပါက သူတို့အနေနဲ့ in-app purchases များထံကနေတဆင့် အကျိုးအမြတ်များကို ပြန်လည်ရယူနိုင်မှာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Fortnite, PUBG နှင့် Roblox တိုရဲ့ အောင်မြင်မှုဟာ mobile gamer များအပေါ်တွင် များစွာမှီခိုနေတဲ့အတွက်ကြောင့် Sony ဟာလည်း သူတို့ရဲ့ Horizon Zero Dawn ကဲ့သို့သော ဂိမ်းများကို mobile ဖုန်းများပေါ်သို့ယူဆောင်လာပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။