Sony’s PlayStation to integrate Discord chat for gamers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.5.2021 | Sony ရဲ့ PlayStation တွင် Gamer များအတွက် Discord chat ကို ထည့်သွင်းသွားရန် စီစဉ်လျှက်ရှိ

Sony ဟာ ရေပန်းစားလျှက်ရှိနေတဲ့ Online Chat Platfrom တစ်ခုဖြစ်တဲ့ Discord ကို သူတို့ရဲ့ PlayStation Network အတွင်းသို့ 2022 ခုနှစ်နောက်ဆုံးထား၍ ထည့်သွင်းသွားရန် စီစဉ်သွားမှာဖြစ်ပါတယ်။ Sony ဟာ Discord တွင် အတန်အသင့်ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ထားလျှက်ရှိနေပြီး ယခုအခါ Discord ရဲ့ ရှယ်ယာအချို့ကိုလည်း ပိုင်ဆိုင်ထားလျှက်ရှိနေပါတယ်။

Discord အား ယခုအခါ အဓိကအားဖြင့် PC နှင့် Mobile Device များပေါ်တွင် လစဉ်လတိုင်း ဂိမ်းကစားသူပေါင်း သန်း ၁၄၀ ခန့်မှ အသုံးပြုလျှက်ရှိနေပါတယ်။ Gaming နှင့်ပတ်သက်၍ ကျွမ်းကျင်သူများကတော့ အဆိုပါ ပူးပေါင်းလုပ်ဆောင်ချက်ဟာ မတူညီတဲ့ console များနှင့် device များကိုအသုံးပြုလျှက်ရှိနေတဲ့ gamer များအနေဖြင့် ပိုမို၍လွယ်ကူစွာ ဆက်သွယ်၍ရလာနိုင်စေဖို့ကို မျှော်လင့်လျှက်ရှိနေကြပါတယ်။

“ကျွန်ုပ်တို့ဟာ ကမ္ဘာတစ်လွှားရှိ player များအနေဖြင့် တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ချိတ်ဆက်၍ရနိုင်ရန်နှင့် သူငယ်ချင်းအသစ်များရရှိနိုင်ရန်၊ လူမှုအဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာစေရန်နှင့် ပျော်ရွှင်ဖွယ်ကောင်းတဲ့အတွေ့အကြုံများနဲ့ အမှတ်တရများကို ဖန်တီးနိုင်စေမည့် နည်းလမ်းအသစ်များကို အစဉ်အမြဲရှာဖွေလျှက်ရှိနေပါတယ်။” ဟူ၍ Sony ရဲ့ president နှင့် CEO ဖြစ်သူ Jim Ryan မှ blog post တစ်ခုတွင် ပြောကြားသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။