Sony has shipped 4.5 Million PS5 Units in 2020

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.2.2021 | Sony ဟာ 2020 ခုနှစ်အစပိုင်းတွင် PS5 အလုံးရေပေါင်း ၄.၅ သန်းကို တင်ပို့နိုင်ခဲ့ပြီဖြစ်

Sony မှ ထုတ်ပြန်ပြောကြားချက်တစ်ရပ်အရ PlayStation 5  အလုံးရေပေါင်း ၄.၅ သန်းခန့်ကို ၂၀၂၀ ခုနှစ်အတွင်း တင်ပို့နိုင်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။ ထို့ကြောင့် ၂၀၁၃ ခုနှစ်က PS4 များ စတင်ရောင်းချမှုပြုလုပ်စဉ်က ရောင်းချခဲ့ရတဲ့ အရေအတွက်နဲ့ တူညီမှုရှိသွားပြီပဲဖြစ်ပါတယ်။

PlayStation 5 ကိုရောင်းချခဲ့ရာတွင် အချို့သောနေရာများ၌ နည်းဗျူဟာပိုင်းအရ ထုတ်လုပ်ရသည့်ကုန်ကျစားရိတ်ထက်လျှော့ကာ ရောင်းချခဲ့ရမှုများအတွက်လည်း အရှုံးပေါ်မှုများရှိခဲ့ကြောင်းကို Sony မှ အတည်ပြုပြောကြားခဲ့သလို သူတို့ရဲ့ရည်မှန်းချက်အတိုင်း ၂၀၂၁ ခုနှစ် မတ်လအကုန်ခန့်တွင် PS5 အလုံးရေ ၇.၆ သန်းအထိ တိုးမြှင့်ရောင်းချနိုင်စေရန်အတွက်လည်း စီစဉ်လျှက်ရှိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

PS5 နဲ့ PS4 ဂိမ်းများကို ရောင်းချရမှု စုစုပေါင်းကတော့ ၂၀၁၉ ခုနှစ်တွင် ဂိမ်းပေါင်း ၈၃.၃ သန်းမှ ၂၀၂၁ ခုနှစ်တွင် ၁၀၃.၇ သန်းအထိ ရောက်ရှိခဲ့ပြီဖြစ်ကာ စုစုပေါင်းဂိမ်းများရောင်းချရမှုအနက်မှ ၁၈.၄ သန်းကတော့ First-party title များဖြစ်ကြပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။