Sony has bought Evolution Championship Series (Evo) – The world’s largest fighting game competition

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.3.2021 | Evolution Championship Series (Evo) ကမ္ဘာ့အကြီးဆုံး fighting game ပြိုင်ပွဲအား Sony မှ ဝယ်ယူခဲ့

ကမ္ဘာ့အကြီးမားဆုံး fighting game ပြိုင်ပွဲတစ်ခုဖြစ်သည့် Evolution Championship Series (Evo) အား Sony Interactive Entertainment မှ ဝယ်ယူလိုက်ပြီဖြစ်ကြောင်းကို ၁၈ ရက်နေ့ မတ်လ၊ ၂၀၂၁ ခုနှစ်တွင် ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ 

ထိုအရာကို အားကစားပစ္စည်းများဆိုင်ရာ marketing ကုမ္ပဏီတစ်ခုဖြစ်သော Endeavor မှ မကြာသေးမှီက အသစ်ဖွဲ့စည်းလိုက်သည့် RTS ဟု ခေါ်တွင်သော esports အဖွဲ့အစည်းအသစ်တစ်ခုနှင့် ပူးပေါင်း၍ ဝယ်ယူခဲ့ခြင်းဖြစ်ပါတယ်။ Evo ရဲ့ co-founder များဖြစ်ကြတဲ့ Tom နဲ့ Tony Cannon တို့ကတော့ Evo တွင် ဆက်လက်၍ အဓိကအကြံပေးသူ (Key Advisor) များအနေဖြင့် ဆက်လက်ရှိသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ 

“Fighting game များဟာ PlayStation ရဲ့ သမိုင်းကြောင်းတွင်နှင့် ကျွန်ုပ်တို့ရဲ့ community အတွင်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုအနေနဲ့ပါဝင်နေပါတယ်။ နောက်ပြီး ယခင်နှစ်များက Evo နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ရတဲ့အပေါ်မှာလည်း များစွာအားရခဲ့ပါတယ်။” “ယခုကဲ့သို့ RTS နဲ့ပူးပေါင်း၍ Evo ကို ဝယ်ယူလိုက်ခြင်းသည် Evo ရဲ့ စတင်တည်ထောင်သူများဖြစ်ကြတဲ့ Tom နဲ့ Tony Cannon တို့နဲ့အတူ Fighting game ပရိသတ်များနှင့် နောက်ထပ်လက်တွဲလုပ်ကိုင်နိုင်ဖို့အတွက် စာမျက်နှာအသစ်ကိုဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။” ဟူ၍ Sony ရဲ့ global competitive gaming ကဏ္ဍတွင် ဒုတိယအကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေသော Steven Roberts မှ ပြောကြားသွားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။