Some facts about Facebook, Instagram and Twitter

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.7.2020 | Facebook, Instagram နဲ့ Twitter တို့နှင့်ပက်သတ်သော အကြောင်းအရာအချို့

Facebook Workplace ဟာ ယခုအခါတွင် ခေတ်စားနေသောအကြောင်းအရာများကို ပို့စ်ပေါ်တွင် ပါဝင်နေသောစာလုံးများအရ သင့်အနေနဲ့တွေ့မြင်မှုမရှိစေရန်လုပ်ဆောင်ပေးနိုင်တော့မှာဖြစ်ပါ တယ်။ ဒီအရာဟာကုမ္ပဏီများအတွက် အထူးသင့်လျှော်သောလုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ (ဥပမာအားဖြင့် - “union message“ များကိုတားဆီးလိုသည့်အခါများတွင်) ဒါမှမဟုတ် လုပ်ငန်း နယ်ပယ်ပတ်ဝန်းကျင်အတွင်းပြန့်ပွားမှုမရှိစေလိုတဲ့ဘယ်လိုအရာကိုမဆိုပဲဖြစ်ဖြစ်တားဆီးနိုင်တော့ မှာဖြစ်ပါတယ်။ ဒီလေ့လာတွေ့ရှိချက်ဟာ Facebook အတွင်းမှာတောင်မှ အံ့အားသင့်ဖွယ်အနေနဲ့ ဆန္ဒပြမှုအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။ များစွာသောသူများက Facebook ဟာ ဒီလိုမျိုးဆိုးရွားတဲ့ အရာကိုပြုလုပ်ပေးခဲ့တယ်ဆိုတာကိုမယုံနိုင်ခဲ့ကြပါဘူး။ လက်တွေ့တွင် Facebook ဟာ ထိုကဲ့သို့ အမှန်တကယ်ပဲပြုလုပ်ပေးခဲ့ပါတယ်။ ယခုအခါတွင်တော့ ဒီကိစ္စရပ်တစ်ခုလုံးကို PR ဌာနမှတဆင့် လျော့နည်းငြိမ်သက်သွားအောင်ပြုလုပ်လျှက်ရှိနေပါတယ်။ ဖတ်ရှုရန် - Facebook ဟာ လုပ်ငန်းရှင် များကို “Unionize“ ကဲ့သို့သော စာသားများကိုဖိနှိပ်နိုင်စေရန်အတွက် tool အသစ်တစ်ခုကို workplace chat တွင်ထုတ်လုပ်ပေးခဲ့ပါတယ်။

Instagram ရဲ့ algorithm များဟာ ခန္ဓာကိုယ်အလှတရားများပေါ်လွင်စေရန် ပါးလွှာစွာဖုံးအုပ်ထား တဲ့ဓါတ်ပုံများကိုသာ အသားပေးဖော်ပြလျှက်ရှိနေပါတယ်။ အစားအသောက် (သို့) တောတောင်ရေ မြေ သဘာဝအပေါ်ရိုက်ထားတဲ့ဓါတ်ပုံများကိုတော့ ဖိနှိပ်ထားကာ ပြသမှုပြုလုပ်ခြင်းနည်းပါးပါ တယ်။ လေ့လာသူများရဲ့အဆိုအရ ဒီအရာဟာ algorithm က Instagram ကို soft porn များကို အလကားရရှိနိုင်တဲ့နေရာတစ်ခုအနေနဲ့ အသုံးပြုနေတဲ့သူများအပေါ်မူတည်ပြီး ပြောင်းလဲလာခဲ့တာ ဖြစ်နိုင်ပြီး machine learning ဟာ ဒီလူတွေရှာဖွေတတ်တဲ့ဓါတ်ပုံများကို သူတို့ရဲ့နှစ်သက်မှု၊ ရွေး ချယ်မှုများအပေါ်မူတည်ပြီးပြသပေးနေတာဖြစ်နိုင်တယ်ဟုဆိုပါတယ်။ Facebook ကတော့ ဒီအရာ ဟာမှန်ကန်မှုမရှိကြောင်းပြောဆိုခဲ့ပြီး သူတို့ရဲ့ algorithm ဟာထိုသို့မပြုလုပ်တတ်ဘူးဟုဆိုပါ တယ်။ သို့သော်လည်း ဘာကြောင့် Facebook ဟာ ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့လဲဆိုတာနဲ့ပက်သက် ပြီးမေးခွန်းတွေတော့ရှိနေပါသေးတယ်။ အသေးစိတ်ကို - Undress or fail: Instagram’s algorithm strong-arms users into showing skin. တွင်ဖတ်ပါ။

Twitter ဟာ သင့်ကို အသံဖိုင်များကိုပါ tweet လုပ်ဖို့ခွင့်ပြုတော့မှာဖြစ်ပါတယ်။ ယခုအခါတွင် ဒီ အရာကို iOS တွင်သာရရှိနိုင်ဦးမှာဖြစ်ပြီး ကန့်သတ်ထားတဲ့ အသုံးပြုသူများနဲ့ စမ်းသပ်ဆဲကာလ တွင်သာရှိနေပါသေးတယ်။ Recording တိုင်းတွင် စက္ကန့် ၁၄၀ ရှိမှာဖြစ်ပြီး သင့်အနေနဲ့ ထို့ထက်ပို၍ ကြာကြာပြောဆိုလိုပါက Twitter က ထိုအသံဖိုင်များကို thread တစ်ခုအတွင်းတွင် link ပြုလုပ် ပေးထားသည့် tweet များအနေနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ထပ်ကန့်သတ်ချက်တစ်ခု ကတော့ သင့်အနေနဲ့ နောက်ထပ်တစ်ကြိမ်သာ ပြန်လည်ပြီး tweet ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အသံဖိုင်များကို reply (သို့) quote များတွင်အသုံးပြု၍ရနိုင်မှာမဟုတ်ပါဘူး။ Upload ပြုလုပ်လိုက် တဲ့အခါမှာ audiotweet များဟာ သင့်ရဲ့ profile နဲ့ ချိတ်ဆက်သွားမှာဖြစ်ပါတယ်။ သို့သော်လည်း ယခုအချိန်အထိတော့ Twitter ပေါ်တွင် tweet လုပ်ထားတဲ့ စာသားများကို ပြင်ဆင်၍ရနိုင်မှာ မဟုတ်သေးပါဘူး။ ဖတ်ရှုရန် - Your Tweet, your voice.
 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။