Solana got hacked in a multimillion dollar heist

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.8.2022 | Solana ကို hack ပြုလုပ်ခံရပြီး ဒေါ်လာသန်းပေါင်းများစွာ ခိုးယူခံခဲ့ရ

ဩဂုတ်လပထမပတ်တွင် Solana ecosystem သို့ ချိတ်ဆက်ထားတဲ့ ထောင်ပေါင်းများစွာသော crypto wallet များကို Hacking ပြုလုပ်၍တိုက်ခိုက်သူများမှ အကောင့်ပိုင်ရှင်များရဲ့ private key များကို အသုံးပြု၍ Solana (SOL) နှင့် USD Coin (USDC) cryptocurrency များကို ခိုးယူမှုပြုလုပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ 

ယခုအခါ Solana ရဲ့ ပြောကြားချက်အရ "developer များ၊ ecosystem team များနဲ့ security auditor များရဲ့ စစ်ဆေးမှုများအပြီးတွင် အဆိုပါတိုက်ခိုက်မှုဟာ Solana နဲ့ ချိတ်ဆက်ထားတဲ့ slope mobile wallet app မှ တဆင့် ဖြစ်ပေါ်ခဲ့တာဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။ 

Dune ဆိုတဲ့ website တစ်ခုတွင် အဆိုပါတိုက်ခိုက်မှုတွင် စုစုပေါင်းခိုးယူခံခဲ့ရတဲ့ crypto currency များကို မှတ်သားထားပြီး အဆိုပါမှတ်တမ်းအရ မတူညီတဲ့ wallet ပေါင်း ၉,၀၀၀ ကျော်မှ ကန်ဒေါ်လာ ၄ သန်းခန့် ခိုးယူခံခဲ့ရတယ်လို့သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။