Snapchat Acquires WaveOptics and AR company for $500 Million

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.6.2021 | Snapchat မှ AR ကုမ္ပဏီတစ်ခုဖြစ်တဲ့ WaveOptics ကို ကန်ဒေါ်လာ သန်း ၅၀၀ ဖြင့်ဝယ်ယူခဲ့ 

Snapchat ဟာ Augmented Reality မျက်မှန်များတွင်အသုံးပြုသည့် မှန်များနဲ့ အခြားသောအစိတ်အပိုင်းများကို ထုတ်လုပ်လျှက်ရှိသောကုမ္ပဏီတစ်ခုဖြစ်တဲ့ WaveOptics အား ဝယ်ယူရန် စီစဉ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ ဒီဝယ်ယူမှုဟာ Snap ကို ကွန်ပြူတာမှ ထုတ်လွှင့်ပေးမည့် ပုံရိပ်များကို လက်တွေ့ကမ္ဘာပေါ်တွင်တွေ့မြင်နိုင်စေမည့် မျက်မှန်များအား ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့အစိတ်အပိုင်းများကို ရရှိသွားစေမှာဖြစ်ပါတယ်။ 

Snap မှ CNBC သို့ ပြီးခဲ့တဲ့သောကြာနေ့ (၂၁ ရက်၊ မေလ၊ ၂၀၂၁) ကပြောကြားချက်အရ အဆိုပါသဘောတူညီချက်ဟာ ငွေသားနှင့် စတော့ရှယ်ယာ စုစုပေါင်း ကန်ဒေါ်လာ သန်း ၅၀၀ ခန့်ကျသင့်မှာဖြစ်ပြီး တစ်ဝက်ကိုတော့ စတော့ရှယ်ယာဖြင့် လက်ငင်းပေးခြေခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ လာမည့် ၂ နှစ်တာအတွင်း ငွေသား (သို့) စတော့ရှယ်ယာများဖြင့် ပေးခြေခြင်းပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

Snap ဟာ သူတို့ရဲ့ ပထမဆုံး Augmented Reality Spectacles မျက်မှန်များကို ပြီးခဲ့တဲ့ ကြာသပတေးနေ့တွင် ပြသသွားခဲ့ပြီးဖြစ်သော်လည်း ထိုအရာများကို ရောင်းချဖို့အစီအစဉ်မရှိသေးပဲ ထိုအစား အဆိုပါမျက်မှန်များကို application ဖန်တီးသူများသို့ပေးအပ်သွားမှာဖြစ်ကာ သုံးစွဲသူများထံသို့ ရောင်းချခြင်းမပြုမှီတွင် အဆိုပါမျက်မှန်များအား ပိုမိုကောင်းမွန်လာစေရန် ပြုလုပ်သွားဖို့ရှိနေကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။