Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၁၂သန်းခန့် မှ ဆက်သွယ်ရေးအတွက်အသုံးပြုနေသော Slack သည် သုံးစွဲသူအသစ်များ ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် Desktop Environment အား ပိုမိုရိုးရှင်းအောင်ပြုလုပ်ပေးခဲ့ပါသည်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အိမ်မှအလုပ်လုပ်သူများဟာ Slack ကဲ့သို့သော tools များကို တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန်အတွက် အသုံးပြုမှု မြင့်မားလာပါသည်။ လူတော်တော်များများအတွက်တော့ ဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်မို့ ကုမ္ပဏီတွေဟာ ခေတ်သစ်တစ်ခုကို ကူးပြောင်းဖို့ရာအတွက် ပိုမိုလွယ်ကူစေရန် ကြိုးပမ်းအားထုတ်လျှက်ရှိပါတယ်။
အချို့သော အရေးပါတဲ့လုပ်ဆောင်မှုတွေကို မျက်နှာပြင်ပေါ်တွင် ရုတ်တစ်ရက်ကြည့်ရှုရုံနဲ့ မဟုတ်တဲ့အတွက် လူသစ်များအနေနဲ့ အကူအညီမပါပဲ ထိုအရာများကိုရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် အလုပ်ပြီးမြောက်မှုကို လျော့ကျစေနိုင်ပါတယ်
ရိုးရှင်းတဲ့ ဒီဇိုင်းအပြင် ပုံစံအသစ်ဟာ ပိုမိုလွယ်ကူသော စနစ်ပုံစံနဲ့ စုစည်းထားရှိနိုင်မှုများပါဝင်ပါတယ်။ သင်ပြုလုပ်လိုက်သောပြောင်းလဲမှုများဟာ သင့်ရဲ့ အကောင့်မှာသာဖြစ်ပေါ်မှာဖြစ်ပြီး အသင်းအဖွဲ့ တစ်ခုလုံးအပေါ် သက်ရောက်မှုဖြစ်မည်မဟုတ်ပါ။
ဒီဇိုင်းပြန်လည်ရေးဆွဲလိုက်တဲ့အခါမှာ အပေါ်ဖက်မှ Navigation Bar ဟာ အလယ်ခေါင်တွင်ရောက်ရှိသွားသော ရှာဖွေရန်၊ သို့မဟုတ် အကူအညီတောင်းဆိုရန် ခလုတ်များကြောင့် ပိုလို့ ရှင်းရှင်းလင်းလင်းဖြစ်သွားပါတယ်။ ယခုအခါ Slack သည် သုံးစွဲသူများ အချိန်ကြာမြင့်စွာအလုပ်လုပ်ခဲ့သော email client များနှင့် ပိုမိုဆင်တူသွားပြီး ဆက်သွယ်ရေးစနစ်အား ပိုမိုကောင်းမွန်စွာပဲ့ကိုင်နိုင်စေပါသည်။
လက်ရှိအချိန်ထိတွင်တော့ အဆိုပါပြောင်းလဲမှုများဟာ Desktop Version တွင်သာ အသူံပြု၍ရနိုင်မည်ဖြစ်ပြီး Mobile Application တွင်မူ ပြောင်းလဲမှုများ မကြာမှီဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်။ အဆိုပါ Design အသစ်အား သုံးစွဲသူအသစ်များအားလုံးမှ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး လူဟောင်းများအတွက်ကိုမူ လာမည့်အပတ်များတွင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။
Unicode
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။