Signal a new messaging app for those who doesn’t like being peeked.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.1.2021 | ချောင်းကြည့်မခံလိုသူများအတွက် Messaging app အသစ် - Signal

မကြာသေးမှီက Facebook က ပိုင်ဆိုင်ထားပြီး end-to-end encryption ကိုအသုံးပြုထားတဲ့ WhatsApp မှ သူတို့ဟာ User များရဲ့အချက်အလက်များကို Facebook ထံသို့မျှဝေပေးနေကြောင်းကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။ WhatsApp က ဒါကိုသူတို့ထွက်ရှိခဲ့တဲ့သက်တမ်းတစ်လျှောက်တွင် ပြုလုပ်နေခဲ့တာဖြစ်သော်လည်း ဒီလိုကြေငြာလိုက်တဲ့အတွက် လူအများဟာ ပိုမို၍လုံခြုံမှုရှိမယ့် communication app အသစ်တစ်ခုကို ရှာဖွေလာကြပါတော့တယ်။

မကြာသေးမှီက SpaceX ကုမ္ပဏီရဲ့ CEO ဖြစ်သူ Elon Musk မှ Tweet တစ်ခုတွင် Signal ကိုပြောင်းသုံးလိုက်ပါဟု ရေးသားထားခဲ့ပြီးနောက်တွင် Signal ကိုအသုံးပြုသူများ တဖြည်းဖြည်းများပြားလာခဲ့ပါတယ်။ အဆိုပါ app ဟာ non-profit organization တစ်ခုမှ ထုတ်လွှင့်ပေးထားတာဖြစ်ပြီး လက်ရှိနာမည်ရပြီးသား app များကဲ့သို့ပင် end-to-end encryption ကို အသုံးပြုထားပြီး အဆိုပါ app ရဲ့ပိုင်ဆိုင်သူအဖွဲ့အစည်းဟာ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ သင့်ရဲ့အချက်အလက်များကို အခြား third-party ကုမ္ပဏီများထံသို့ပေးပို့နေမှာကို ကြောက်နေစရာမလိုတော့ပါဘူး။

Signal ဟာ ယခင်ကတည်းက လူထုအခွင့်အရေးလှုပ်ရှားသူများ၊ Hacker အသိုင်းအဝိုင်းမှလူများနဲ့ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုမရှိလိုတဲ့ သူများမှ အသုံးပြုနေကြတဲ့ messaging app တစ်ခုဖြစ်ပါတယ်။ Signal တွင် wallpaper များကိုပြောင်းလဲနိုင်ခြင်းနှင့်အခြားသော customizable feature များ ပါဝင်ခြင်းမရှိသော်လည်း ကိုယ်ရေးအချက်အလက်လုံခြုံမှုအပိုင်းအရကြည့်မယ်ဆိုရင်တော့ အဆိုပါ app ဟာ အကောင်းဆုံးပဲဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။