Shortly from everywhere

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.4.2020 | နေရာတစ်ကာမှ သတင်းတိုများ

၂၀၁၉ ခုနှစ်တွင် Huawei ရဲ့ဝင်ငွေဟာ ဒေါ်လာ ၁၂၃ ဘီလျံရှိခဲ့ပြီး ထိုအရာက အရင်နှစ်များထက် ၁၉.၁ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ပါတယ်။ မူလစီမံကိန်းများမှာ ဒေါ်လာ ၁၃၅ ဘီလျံခန့်ရရှိနိုင်မည်ဟု ခန့်မှန်းရသော်လည်း ပိတ်ဆို့ မှုများကြောင့် နစ်နာမှုများရှိခဲ့ပါသည်။ သို့သော်လည်း ထိုကိန်းဂဏန်းများဟာ အတော်များပြားလှတဲ့အမြတ်ငွေ များဖြစ်ပါတယ်။ အသားတင်အမြတ်ငွေမှာ ဒေါ်လာ ၉ ဘီလျံရှိပါတယ်။ လေ့လာမှုနှင့် တိုးတက်မှုအပိုင်းတွင် ရင်းနှီးမြုပ်နှံမှု (R&D investment) မှာ 18.9 ဘီလျံရှိခဲ့ပါသည်။ Operator များနှင့် လုပ်ငန်းဆိုင်ရာ IT ကဏ္ဍများ ဟာ ကြီးထွားတိုးတက်မှုများရှိခဲ့ပြီး ဖုန်းအလုံးရေပေါင်း သန်း ၂၄၀ ခန့်ကို ရောင်းချနိုင်ခဲ့ပါတယ်။ အဖွဲ့အစည်း အတွင်းပိုင်းမှ ခန့်မှန်းမှုများအရ ဒီနှစ်၏ စမတ်ဖုန်းများကဏ္ဍတွင် ၂၅ရာခိုင်နှုန်းခန့်ရောင်းအားကျနိုင်တယ်လို့ ခန့်မှန်းသိရှိရပါတယ်။ Huawei ဟာ ချစ်ပ်ပြားများထုတ်ရာတွင် မြန်နိုင်သမျှမြန်မြန် အမှီအခိုကင်းစွာ သီးခြားရပ်တည်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိပါတယ်၊ သို့သော်လည်း အမေရိကန်ဟာ ထိုကုမ္ပဏီရဲ့ TSMC တွင် ချစ်ပ်ပြားများထုတ်လုပ်မှု ကို ဖြတ်တောက်ပစ်နိုင်မည့် အစီအစဉ်တစ်ရပ်ကိုပြင်ဆင်ထားရှိပြီး သမ္မတ Trump ရဲ့ လက်မှတ်ကို စောင့်ဆိုင်းလျက်ရှိနေပါသည်။ ချစ်ပ်ပြားများထုတ်လုပ်သည့် စက်ပစ္စည်းများကို Huawei သို့ ရောင်းချမည့် US ကုမ္ပဏီများဟာ လိုင်စင်လျှောက်ထားဖို့အတွက် လိုအပ်မှာဖြစ်ပါတယ်။ 

The Financial Times ရဲ့ သတင်းပေးပို့ပြောကြားချက်များအရ Huawei အား ပိတ်ဆို့မှုများရှိနေသင့်သော်လည်း သူ့ရဲ့ P40 Pro ဖုန်းအသစ်များဟာ US မှ အစိတ်အပိုင်းများ ပါဝင်နေဆဲဖြစ်ပါတယ်။ ရေဒီယို အစိတ်အပိုင်း (module) များဟာ ကင်းလွတ်ခွင့်ရရှိထားတဲ့ Qualcomm, Skyworks နှင့် Qorvo တို့ရဲ့ နည်းပညာများကိုအသုံး ပြုထားပါတယ်။ Huawei ဟာ US ကုမ္ပဏီများထံမှ ပစ္စည်းများ ဝယ်ယူမှုကိုလည်း ယခင်နှစ်များထက် ၇၀ ရာခိုင် နှုန်းခန့် တိုးမြှင့်ဝယ်ယူခဲ့တယ်လို့လဲ အဆိုပါသတင်းစာမှ ရေးသားထားပါသေးတယ်။ Huawei ဟာ Microsoft, Google, Broadcom (သို့) Qualcomm တို့ဆီမှ ဒေါ်လာ ၁၈.၇ သန်းခန့်တန်ကြေးရှိသောပစ္စည်းအစိတ်အပိုင်း များကို ဝယ်ယူခဲ့တယ်လို့ သိရှိရပါတယ်။ Bloomberg မှ ထပ်ပေါင်းပြောဆိုသည်မှာ “ Made in China မဟုတ်ခြင်း” ဟာ နည်းပညာကမ္ဘာအတွက် နောက်ထပ်ခြေလှမ်းကြီးတစ်ခုဖြစ်ပါတယ် ဟူ၍ဖြစ်ပါတယ်။ 

Wired မှ တရုတ်နိုင်ငံကိုပိတ်ပစ်ရန်ကြိုးပမ်းမှုသည်မကြာမီအမေရိကန်သို့ပြန်လှည့်လာနိုင်ကြောင်းဆွေးနွေးခဲ့ သည်။ အဆိုပါမဂ္ဂဇင်းက ဤကြိုးပမ်းမှုများသည် တရုတ်နိုင်ငံအား ချစ်ပ်ပြားများထုတ်လုပ်မှုတွင် အမှီအခိုမရှိပဲ ရပ်တည်နိုင်စေရန် ပိုမို၍မြန်မြန်ဆန်ဆန်ဖြစ်လာနိုင်စေရန် တွန်းအားပေးလျက်ရှိပြီး ချစ်ပ်ပြားထုတ်လုပ်မှုတွင် အမေရိကန်မှ အစိတ်အပိုင်းများမပါပဲ ထုတ်လုပ်လိုသည့် ဆန္ဒရှိလာလိမ့်မည်ဟုလည်း ပြောကြားခဲ့ပါသည်။ 

 

Xiaomi ဟာ Mi 10, Mi 10 Pro နှင့် Mi 10 Lite ဖုန်းများကို စတင်မိတ်ဆက်ခဲ့ပါသည်။ ထိုဖုန်းများကို ဧပြီလ နှင့် မေလများတွင် စတင်၍ရရှိနိုင်မည်ဖြစ်ပြီး ထိုအရာသည် ဒီနှစ်ရဲ့ တိုင်းတာသတ်မှတ်ချက်များနှင့်အပြိုင် အစဉ် အလာမပြတ် flagship ဖုန်းများကို ဆင့်ကဲတိုးတက်ပြောင်းလဲစေခြင်းပဲဖြစ်ပါတယ်။ စိတ်ဝင်စားမှုအကောင်းဆုံး ဖုန်းမော်ဒယ် မှာ Mi 10 Lite ဖြစ်ကာ ထိုအရာတွင် 5G ကွန်ယက်ကိုဖမ်းယူနိုင်မည့် modem ပါဝင်ပြီး Czech Republic Crown ငွေ ၁၀၀၀၀ အောက်သာ ကျသင့်မည်ဖြစ်ပါသည်။ 

 

Microsoft မှ Public Preview Power Apps များကို ထုတ်ပြန်ခဲ့ပါသည်။ ၎င်းတို့ဟာ iOS နှင့် Android တို့ အတွက် application များဖြစ်ကြပြီး programming အသိပညာမရှိသော်လည်း (canvas နှင့် model driven apps) application များကို ဖန်တီး ပြုလုပ်နိုင်စေမည့် မိုဘိုင်းလ်ဖုန်းအတွက် app များဖြစ်ကြပါသည်။ 

 

WinRAR version 5.90 ဟာထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ အဓိကသတင်းထူးကတော့ 16 – core processor များနှင့် 64 thread များကို အဆိုပါ version အသစ်တွင် support ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက်ပဲဖြစ်ပါ တယ်။ 

 

Apple မှ အဆင့်မြင့် မိုးလေဝသကြိုတင်ခန့်မှန်းမှု software တစ်ခုဖြစ်သော Dark Sky ကိုဖန်တီးပြုလုပ်ခဲ့သည့် ကုမ္ပဏီအား ဝယ်ယူခဲ့ပါသည်။ ကြည့်ရသည်မှာ Apple ဟာ IBM ရဲ့ The Weather Company ကဲ့သို့သော third-party ဒေတာအရင်းအမြစ် များရဲ့ အကူအညီမပါပဲ သီးခြားရပ်တည်နိုင်ရန် ဆန္ဒရှိနေဟန်တူပါတယ်။ Android အတွက် Dark Sky ကိုလည်း ဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။ 

 

Niantic ဟာ startup 6D.ai နည်းပညာကို ရရှိခဲပါတယ်။ ဒီ Pokémon GO ရဲ့ တီထွင်ဖန်တီးသူများဟာ AR နည်းပညာကို အသုံးပြုနိုင်တော့မှာဖြစ်ပြီး ထိုအရာက စမတ်ဖုန်းများကို ပတ်ပတ်လည်ရှိ တစ်ကယ့်ပတ်ဝန်းကျင် ကို မြေပုံရေးဆွဲကာ 3D ပတ်ဝန်းကျင်တစ်ခုအဖြစ်ပြောင်းလဲဖို့အတွက် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ 

 

IKEA ဟာ Geomagical Labs ဝက်ဆိုဒ်ကိုဝယ်ယူရရှိခဲ့ပါတယ်။ ဥပမာ - အသုံးပြုသူများဟာ ထို app ကိုအသုံး ပြုပြီး အခန်းတစ်ခုကို scan ဖတ်ကာ ထိုအခန်းအတွင်းမှ ပရိဘောဂပစ္စည်းများကိုဖယ်ရှားပြီး ပုံရိပ်ယောင် ပရိ ဘောဂတစ်ခုကို အစားထိုး၍ အစမ်းနေရာချထားကြည့်နိုင်မှာဖြစ်ပါတယ်။ Computer vision and co. IKEA ဟာ အလားတူ feature အသစ်များနှင့် စမ်းသပ်လုပ်ဆောင်ရတာကိုနှစ်သက်ပါတယ်။ သူတို့ဟာ တစ်ကယ့် ပတ်ဝန်းကျင်တွင် ပုံရိပ်ယောင်ပရိဘောဂများကို နေရာချကြည့်ရှုနိုင်မည့် AR tool ကိုလည်း ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။ 

 

Sony တွင် Sony Electronics Corporation ဟု ခေါ်တွင်သော ကုမ္ပဏီခွဲတစ်ခုရှိပါတယ်။ ထိုကုမ္ပဏီဟာ ယခင် လျှပ်စစ်ပစ္စည်းများနဲ့ လျှပ်စစ်နည်းပညာဆိုင်ရာဖြေရှင်းမှုများကိုပြုလုပ်ပေးတဲ့  စမတ်ဖုန်းများ၊ ကင်မရာများနှင့် TV များကိုထုတ်လုပ်ပေးသည့်ဌာနမှ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ထိုကုန်ပစ္စည်းများဟာ Sony အတွက် ကာလကြာရှည်စွာပင် ပြဿနာများဖြစ်နေစေသည့်အတွက် ထိုလုပ်ငန်းဟာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို တော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ 

Palo Alto Network မှ CloudGenix ကို ဒေါ်လာ သန်းပေါင်း ၄၂၀ နှင့်ဝယ်ယူခဲ့ပါသည်။ CloudGenix သည် software-defined networks (SD-WAN) များကို ထိန်းချုပ်ပေးနိုင်ပြီး စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ဥပမာ - Cosco နှင့်ယှဉ်ပြိုင်နိုင်ရန်အတွက်ဖြစ်ပါသည်။ Palo Alto ဟာ Prisma Access သို့လည်း နည်းပညာများကို ပေါင်းစပ်ထည့်သွင်းမှုများပြုလုပ်ခဲ့ပါသေးသည်။ 

 

VR project များတွင် စိတ်ဝင်စားဖွယ်ရာကောင်းသော ရင်းနှီးမြှုပ်နှံမှု (၂) ခုရှိနေပါသည်။ Roto VR ဟာ virtual reality (ပုံရိပ်ယောင်လောက) တွင်အသုံးပြုနိုင်မည့် ဆုံလည်ကုလားထိုင်ကိုတီထွင်ပြုလုပ်လျှက်ရှိပြီး ယခုအခါ တွင် ယူရိုငွေ ၁.၅ သန်းပိုင်ဆိုင်လျက်ရှိပြီဖြစ်ပါသည်။ CoR တွင် သင်ကြားဖို့အတွက်ကို အာရုံစိုက်ထားသော Strivr ဟာလည်း ဒေါ်လာ သန်း ၃၀ ထပ်မံရရှိခဲ့ပြီး ယခုအခါတွင် ဒေါ်လာ ၅၁သန်း ပိုင်ဆိုင်လျက်ရှိနေပြီဖြစ်ပါတယ်။

 

Unicode



 


 


 


 

 


 


 


 


 


 


သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။