Shortly from everywhere

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.4.2020 | နေရာတစ်ကာမှ သတင်းများ

Samsung မှ 5G ကွန်ယက်အား ၈.၆ Gbps မြန်နှုန်းဖြင့်စမ်းသပ်ခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အဆင့်မြင့်မှတ်ဉာဏ်ထုတ်လုပ်မှုအား စတင်လုပ်ဆောင်နေပြီဖြစ်ပါသည်။
AMD Server Processor အသစ်များ iPhone SE 2 နှင့် OnePlus8 ဖုန်းများလည်းထွက်ရှိပြီဖြစ်ပြီး၊ အသင်းအဖွဲ့များအတွက် GitHub အသုံးပြုမှအား အခကြေးငွေပေးစရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်သည်။

Apple မှ နာမည်ကျော်ကြားသော iPhone SE ၏ ဒုတိယမျိုးဆက်သစ်အား ထုပ်လုပ်လိုက် ပြီဖြစ်ပါသည်။ ဒီဇိုင်းပိုင်းဆိုင်ရာအားဖြင့် iPhone 6 ၏ ရေပန်းစား ခဲ့သောပုံစံအားမှီငြမ်းကာ ကြီးမားသောကိုယ်ထည်၊ အောက်ဖက်တွင်ပါဝင်သော Touch ID ခလုတ်နှင့် ၄.၇ လက်မ IPS ဖန်သားမျက်နှာပြင်တို့ပါဝင်သော်လည်း HDR အထောက်အပံ့ပေးထားသောကြောင့် ပိုမိုမြင့်မားသော အလင်းနှင့် အရောင်ခြားနား ချက်များကိုတွေ့မြင်နိုင်မည်ဖြစ်ပါသည်။

OnePlus မှ ဆွဲဆောင်မှုရှိသော OnePlus 8 နှင့် 8 Pro မော်ဒယ်များကို စတင်မိတ်ဆက်ခဲ့ပါသည်။ Pro Version သည် ပထမဦးဆုံးအကြိမ်အဖြစ် အမှန်တစ်ကယ်မြင့်မားသော high-end စွမ်းဆောင်ရည်မြင့် Qualcomm Snapdragon 865 processor, 8 GB နှင့် 12 GB LPDDR5 memory, 5G ကွန်ယက်စနစ်,  4510mAh ဘက်ထရီ, IP68 (သို့မဟုတ်) 120Hz ၆.၇၈ လက်မ AMOLED ဖန်သားပြင် (1440 x 3168 pixels) တို့ပါဝင်ပြီး 

GitHub သည် ယခုအခါတွင် အသင်းသားများအဆက်မပြတ်ရှိနေသည့် အသင်းအဖွဲ့ များအတွက် အခကြေးငွေပေးစရာမလိုပဲ အသုံးပြုနိုင်ပြီဖြစ်ပါသည်။ သင်သည် စီးပွား ရေးလုပ်ငန်းဆိုင်ရာ အင်္ဂါရပ်များအတွက် အပိုဆောင်းငွေကိုသာ ပေးသွင်းရမည်ဖြစ်ပြီး Team Pro မှ ခန့်မှန်းဈေးနှုန်းတွက်ချက်ထားသည်မှာ အသုံးပြုသူ တစ်ဦးလျှင် တစ်လ စာ အမေရိကန်ဒေါ်လာ၉ဒေါ်လာအစား ၄ဒေါ်လာသာပေးချေရတော့မည်ဖြစ်ပါသည်။

Sandboxie သည် ယခုအခါတွင် open source အနေဖြင့်ရရှိနိုင်ပြီဖြစ်ပါသည်။ Sophos မှ source code အား GPLv3 license အရ စတင်ဖြန့်ချီလိုက်ပြီဖြစ်ပါသည်။ အဆိုပါ Software သည် sandbox အနေဖြင့် အလုပ်လုပ်မည်ဖြစ်ပြီး system မှ application များကို သီးခြားခွဲကာ အသုံးပြုနိုင်မည်ဖြစ်သည်။

No Filter: The Inside Story of Instagram စာအုပ်အား ဖြန့်ချီလိုက်ပြီဖြစ်ပါသည်။ အဆိုပါစာအုပ်တွင် ဒေါ်လာဘီလျံနှင့်ချီကာရောင်းခဲ့ရသည့် ပထမဦးဆုံးသော mobile application တစ်ခု၏ နောက်ကွယ်မှဖြစ်ရပ်များကိုဖော်ပြထားပါသည်။ ဝယ်ယူသူသည် Facebook ဖြစ်လာခဲ့ပြီး Instagram အား သီးသန့်စီမံဆောင်ရွက်ခွင့် ပေးမည်ဟု ကတိပေးခဲ့သော်လည်း မည်ကဲ့သို့ ဇူကာဘတ်မှ အာဏာတည်ဆောက်ခဲ့ ပြီးနောက် တည်ထောင်သူအားကန်ထုတ်ခဲ့သည် (WhatsApp အဖြစ်နှင့် ဆင်တူသည်) ဆိုသည်ကို စာအုပ်ထဲတွင်ဖော်ပြထား ပါသည်။  ကျွန်ုပ်တို့မှ သင့်အား မကြာသေးမှီက ထွက်ရှိခဲ့သော Facebook စာအုပ်: The Inside Story အား ဖတ်ရှုရန် တိုက်တွန်းလို ပါသည်။

AMD မှ Epyc server processor စီးရီးအသစ်များကို စတင်ဖြန့်ချီလိုက်ပြီဖြစ်ပြီး 8, 16 နှင့် 32 core ပုံစံကွဲများ ရှိပါသည်။ အဆိုပါ processor များတွင် threads 16, 32 နှင့် 48 အသီးသီးပါဝင်ပြီး 3.7, 3.5 နှင့် 3.2 GHz bars များလည်းအသီးသီးပါဝင်ပါသည်။

Zen 2 အား အသုံးပြုထားပြီး AMD သည် အဆိုပါ မော်ဒယ်များကို Database များနှင့် Supercomputer (HPC) များ နှင့် Hyperconverged Infrastructure များအတွက် အဓိကရည်ရွယ်ပြီး တည်ဆောက်ထားခြင်းဖြစ်ပါသည်။

Samsung မှ 5G mmWave Network များအတွက် ရွေးချယ်စရာအသစ်များကို စမ်းသပ်လျှက်ရှိပြီး လက်ရှိအချိန်တွင်တော့ ပျမ်းမျှအနေဖြင့် စမ်းသပ်ခန်းအတွင်းရှိ စက်ကိရိယာ ၂လုံးအား 8.6 Gbps (4.3 Gbps ခန့်) ရရှိအောင် စွမ်းဆောင်နိုင်ပြီဖြစ်ပါ သည်။

Huawei သည် 14n (၁၄ နာနိုမီတာ) Chip များကို ထိုင်ဝမ်ရှိ TSMC မှ တရုတ် ပြည်မကြီးရှိ SMIC သို့ရွှေ့ပြောင်းလျှက်ရှိကြောင်း DigiTimes မှသတင်းများအရ သိရှိရပါသည်။ Apple နှင့် အခြားသောကုမ္ပဏီကြီးများအတွက် ထုတ်လုပ်ပေးနေသော TSMC သည် Huawei အား အထောက်အပံ့မပေးရန် ဖိအားများ နှင့် ရင်ဆိုင်နေရပြီး US မှ Huawei အတွက် ကုန်ပစ္စည်းထုတ်လုပ်ရန် စက် ပစ္စည်းများ ရောင်းချပေး နေသည့် အဆိုပါကုမ္ပဏီများအား ရောင်းချမှုများပိတ်ပင်ရန်ဆန္ဒရှိနေ ပါသည်။ အဆိုပါ ပိတ်ပင်မှုသည် Huawei/ HiSilicon နှင့် အခြားသော တရုတ်ကုမ္ပဏီများအပေါ်တွင် ဖိအားများသက်ရောက်လာပြီး အဆိုပါကုမ္ပဏီများ၏ အမှီအခိုမရှိပဲ သီးခြားရပ်တည် မှုရှိစေရန် ကြိုးပမ်းမှုများကိုပိုမို အရှိန်အဟုန်မြင့်တက် စေနိုင်ပါသည်။ SMIC သည် အကြီးဆုံးတရုတ်ချစ်ပ်ပြားထုတ်လုပ်သူ ကုမ္ပဏီဖြစ်ပြီး လက်ရှိအချိန်အထိတွင်မူ ၁၄ နာနိုမီတာ processor chip များကိုသာထုတ်လုပ်ပေးလျှက်ရှိပါသည်။ ၇ နာနိုမီတာ နည်းပညာအတွက်မူ Huawei ဿည် အခြားသောပါတနာများကို အားထားရမည်ဖြစ် ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နည်းပညာပြိုင်ပွဲအတွင်းတွင်လိုက်မှီလာပြီဟု ယူဆရ ပါသည်။ Yangtze Memory Technologies မှ သူတို့သည် အလွှာပေါင်း ၁၂၈ လွှာပါဝင်သော 3D NAND flash memory အား ဒီနှစ်အတွင်း စတင်ထုတ်လုပ်သွား မည်ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။ Samsung, SK Hynix, Kioxia နှင့် Micron တို့သည်လည်း ထိုနည်းတူအတိုင်း လုပ်ဆောင်ရန်အတွက် အစီအစဉ်များဆွဲနေကြ ပါသည်။

Tom’s Hardware မှ Zhaoxin ရှိ KaiXian processor များ၏စမ်းသပ်မှုများကြောင့် လူထု၏အာရုံပြုဂရုထားမိမှုများရရှိခဲ့ပါသည်။ အဆိုပါတရုတ်ကုမ္ပဏီသည် သူတို့၏ ကိုယ်ပိုင် x86 processor များကို VIA နှင့်အကျိုးတူပူးပေါင်းကာ လုပ်ဆောင်လျှက်ရှိ ပြီး VIA သည် Intel နှင့် AMD ပြီးလျှင် ကမ္ဘာပေါ်တွင်တစ်ခုတည်းသော Processor ထုတ်လုပ်သူဖြစ်ပါသည်။

Google မှ သူတို့၏ကိုယ်ပိုင် မိုဘိုင်းလ် ချစ်ပ်ပြားများကို ထုတ်လုပ်ရန်လုပ်ဆောင် လျှက်ရှိ။ အဆိုပါ ချစ်ပ်ပြားများထုတ်လုပ်ရန်အတွက် Samsung နှင့် ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ပြီး 5nm Processor များကို ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ချစ်ပ်များ တွင် ARM processor core ၈ခု ပါရှိမည်ဖြစ်ပြီး နောက်နှစ်အတွင်းတွင် Pixel Phone များတွင်ထည့်သွင်းနိုင်မည်ဟုယူဆရပါသည်။ နောက်နှစ်နှောင်းပိုင်းအတွင်းတွင် Chromebook များထုတ်လုပ်နိင်ရန်အတွက်ကိုလည်းပြင်ဆင်နေကြသည်။

The British operator BT မှ Ericsson အား သူတို့၏အဓိကဆက်သွယ်မှုကွန်ယက် အဖြစ်ရွေးချယ်ခဲ့ပါသည်။ အဆိုပါ network သည် 4G ဖြစ်ပြီး အနာဂါတ်တွင် non-standalone 5G ကွန်ယက်နှင့် standalone 5G ကွန်ယက်တို့အားရရှိနိုင်ဖွယ်ရှိ ပါသည်။ 4G core တွင် Swedes သည် လက်ရှိနေရာယူထားသော Huawei အား အစားထိုးနိုင်ဖွယ်ရှိပြီး ဗြိတိန်၏လက်ရှိအခြေအနေတွင် Huawei ကို အသုံးပြုရန် သတ်မှတ်ထားသော အတိုင်းအတာတစ်ခုအထိသာ ခွင့်ပြုထားကြောင်းသိရှိရပါသည်။

Cisco မှ သူတို့၏ နည်းပညာဆိုင်ရာပစ္စည်းများကိုဝယ်ယူသူများအား COVID-19 ကြောင့် ငွေကြေးအထောက်အပံ့ဖြစ်စေရန်အတွက်၂.၅ ဘီလျံဒေါ်လာတန်ကြေးရှိသော အစီအစဉ်တစ်ရပ်ကိုစတင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်သည် ကုန်ကျစားရိတ်၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၁ခုနှစ်အထိ (သို့မဟုတ်) ရက် ၉၀ အကြာအထိ ရွှေ့ဆိုင်းပေးခြင်းဖြစ် ပါသည်။

Linux Foundation အောက်မှ IBM နှင့် Open Mainframe Project များသည် COBOL programmers များ၏အကူအညီဖြင့် ပြည်နယ်များကိုချိတ်ဆက်ပေးရန် အတွက် အစပြုနေပြီဖြစ်ပါသည်။ အဆိုပါ သမိုင်းဝင်ဘာသာစကားသည် အထူးသဖြင့် State System များအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ထုတ်လုပ်ဆဲကာလတွင်ရှိနေပါသည်။ အဆိုပါ ဘာသာစကားကို ကုဒ်လိုင်းပေါင်း ၂၂၀ဘီလျံကျော်ဖြင့် ဖြန့်ကျက်ဆည်ဆောက်ထားပါသည်)။ သို့သော်လည်း Developer များစွာလိုအပ်လျှက်ရှိပါသည်။

ခေါက်နိုင်၊ ကွေးနိုင်သောဖုန်းများထုတ်လုပ်ရသည်မှာ အလွန်တစ်ရာ အကုန်အကျများ ပါသည်။ South China Morning Post မှ တရုတ်သတင်းစာများတွင်ပါဝင်သော သတင်း Highlight အားတင်ပြသည်မှာ Huawei မှ flexible Mate Xs အား တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ခန့်ဖြင့် ရောင်းချမည်ဆိုလျှင်တောင်မှ ဖုန်းထုတ်လုပ် ရန်အတွက် အမေရိကန်ဒေါ်လာ ၆၀မှ ၇၀ မီလီယံအရှုံးပေါ်ခဲ့ပါသည်။

Unicode


















သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။