Shared Internet Access (SIA)- explanation

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.4.2020 | အင်တာနက်မျှဝေအသုံးပြုမှု (SIA)

Zawgyi

အင်တာနက်မျှဝေအသုံးပြုမှု (SIA) ရဲ့ နောက်ကွယ်က အယူအဆကတော့ သုံးစွဲသူ တွေဟာ ငွေကြေးကုန်ကျမှု သက်သာစေဖို့အတွက် ဝန်ဆောင်မှုတစ်ခုကို ဝေမျှအသုံးပြုခြင်းဘဲ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ Internet Connection တစ်ခုကို အသုံးပြုသူတွေက ချိတ်ဆက်အသုံးပြုပြီး အဲ့ဒီလိုအသုံးပြုဖို့အတွက် ကျသင့်ငွေကို သူတို့အကြား ခွဲဝေအကုန်အကျခံတာဘဲ ဖြစ်ပါတယ်။

သူတို့ရဲ့ ဈေးကွက်ဖော်ဆောင်ရေး လုပ်ဆောင်ချက်တွေမှာ SIA Provider တွေဟာ Bandwidth အမြန်နှုန်းကို အသုံးပြုပြီး သုံးစွဲသူတွေကို ဆွဲဆောင်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီကြော်ငြာထားတဲ့ မြန်နှုန်းတွေဟာ အမြင့်ဆုံးရနိုင်ချေတွေဘဲဖြစ်ပါတယ် (“10 Mbps အထိ ရရှိနိုင်တယ်” ဆိုတဲ့ စကားစုမျိုးကို ကြည့်ပါ။) ဝင်ရောက်သုံးစွဲမှုက မျှဝေထားတာဖြစ်တဲ့ အတွက် ရရှိနိုင်တဲ့ အမြန်နှုန်းဟာ တစ်ပြိုင်တည်းအသုံးပြုသူ အားလုံးအကြားမှာ ခွဲခြမ်းမျှဝေထားတာဖြစ်ပါတယ်။ Provider တွေကတော့ အားလုံးက ဖိုင်အကြီးစားတွေကို Upload သို့ Download လုပ်နေမှာ မဟုတ်ပါ၊ Video Streaming တွေ Web Conferencing တွေကို တစ်ချိန်တည်းမှာ လုပ်နေမှာမဟုတ်ပါဆိုတဲ့ အချက်အပေါ်မှာ အခြေခံကြော်ငြာကြပါတယ်။  ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ bandwidth အမြန်နှုန်းဟာ အသုံးပြုသူအားလုံးဘာလုပ်နေလဲ ဆိုတဲ့အပေါ်မှာမူတည် ပါတယ်။ အကယ်၍ အခြားသုံးစွဲသူအများစုက သင်နဲ့ တစ်ပြိုက်နက်တည်း အသုံးပြုနေတယ်ဆိုရင်တော့ သင့်ရဲ့ Speed ကလည်း နှေးနေမှာဖြစ်ပါတယ်။

ဒီပုံစံက Residential Broadband တွေအတွက် အလုပ်ဖြစ်ရတဲ့ အကြောင်းအရင်းက တော့ သုံးစွဲသူတွေဟာ အရေးကြီးတဲ့ အွန်လိုင်းလုပ်ဆောင်ချက်တွေကို နည်းနည်းပါးပါး ဘဲ လုပ်ဆောင်ကြလို့ဖြစ်ပါတယ်။  သူတို့အနေနဲ့ ထစ်နေတဲ့ VoIP calls တွေ၊ ဗီဒီယို Content တွေကြည့်နေရင်း ရပ်သွားတာတွေ ၊ သူတို့နှစ်သက်တဲ့ Websites တွေကိုဝင်ရောက်ကြည့်ရှု့ဖို့ အတွက် ခက်ခဲနှေးကွေးတာတွေကြုံရနိုင်ပေမယ့် ဈေးနည်းတဲ့ အင်တာနက်ကို အသုံးပြုနေတာဖြစ်တဲ့အတွက် အများစုအတွက်တော့ ဒီအရာတွေကိုသည်းခံရတာက တန်ပါတယ်။

ဈေးပေါပေမယ့် ဒီလို Connection တွေက လုပ်ငန်း(စီးပွါးရေး)နဲ့ ပတ်သက်ပြီး အသုံးပြုသူတွေအတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်နေတတ်ပါတယ်။ သင့်အနေနဲ့ သင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေဟာ မိနစ်အလိုက်ပြောင်းလဲနေတဲ့ သို့မဟုတ် တစ်ပြိုင်နက်တည်း အသုံးပြုသူတွေ များလာတဲ့အခါမှာ ကွန်ရက်ဆိုင်ရာ ပြဿနာတွေရှိလာနိုင်တဲ့ ဝန်ဆောင်မှုမျိုးနဲ့ အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ အချို့ကုမ္ပဏီတွေကတော့ အဲ့ဒီလိုဖြစ်တာတွေကို ရှောင်ရှားနိုင်ဖို့အတွက် မြန်နှုန်းတွေ ပိုမိုဝယ်ယူခြင်း (သူတို့လိုအပ်တာထက်ပိုပြီး ဝယ်ယူခြင်း)အားဖြင့် အသုံးပြုသူတွေများတဲ့ အချိန်တွေမှာ လိုင်းနှေးကွေးမှုတွေမဖြစ် အောင်ပြုလုပ်ကြပါတယ်။ ဒါပေမယ့် SIA မှာဖြစ်နေကျ ခန့်မှန်းလို့မရနိုင်တဲ့ စွမ်းဆောင်မှုတွေက သင့်ရဲ့ဝန်ထမ်းတွေကို စိတ်တို၊စိတ်ပျက်စေနိုင်ပြီး အလုပ်ပြီး မြောက်နိုင်စွမ်းအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။

အင်တာနက်မျှဝေအသုံးပြုမှု (SIA) တွေမှာ ရရှိတတ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေဟာလည်း လုပ်ငန်း(စီးပွါးရေး)အတွက် အသုံးပြုသူတွေအတွက် မလုံလောက်တာမျိုးဖြစ်နိုင်ပါတယ်။ စာချုပ်တွေဟာ များသောအားဖြင့် “အကောင်းဆုံး ကြိုးစားမှု” အပေါ်မှာ အခြေခံပြီး စီမံချုပ်ဆိုကြတာဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင့်ရဲ့ အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးသူ (ISP) ဟာ ကောင်းမွန်ချောမွေ့တဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားမှာဖြစ်ပေမယ့် စွမ်းဆောင်ရည် သို့မဟုတ် လျှပ်စစ်ဓါတ်အားပြတ်တောက်တဲ့ အချိန်မျိုးမှာ တုံ့ပြန်ဆောင်ရွက်ဖို့အတွက် ကြာချိန်တွေနဲ့ ပတ်သက်ပြီး အာမခံပေးမှာမဟုတ်ပါဘူး။ သင့်ရဲ့ အဖွဲ့အစည်းအနေနဲ့ စီးပွါးရေးအရ အရေးပါတဲ့ လုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့အတွက် မှန်ကန်တိကျပြီး စိတ်ချရတဲ့ Internet Connectionမျိုးကို အလိုရှိတယ်ဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ အကောင်းဆုံး အင်တာနက်သုံးစွဲမှု (Dedicated Internet Access) ကို ရွေးချယ်ခြင်းက ပိုကောင်းပါတယ်။

 

Unicode






 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။