Screen sharing has been added in Messenger

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.8.2020 | Messenger မှာ Screen sharing လုပ်ဆောင်ချက်အားထည့်သွင်းခဲ့ 

iOS နဲ့ Android အတွက် Messenger update အသစ်တွင် စိတ်ဝင်စားဖွယ်ကောင်းတဲ့ တီထွင်မှု အသစ်ဟာ - သီးသန့်နှင့် အဖွဲ့လိုက် ဗွီဒီယိုဖုန်းခေါ်ဆိုမှုများတွင် screen sharing ပြုလုပ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ 

iOS နဲ့ Android ရဲ့ Messenger ဗားရှင်းအသစ်ဟာ သင့်ရဲ့ဖုန်း screen ကို အခြားသူများနဲ့ မျှဝေနိုင် စေတော့မှာပဲဖြစ်ပါတယ်။ အသုံးပြုသူ ၂ဦးအကြား ဗွီဒီယိုဖုန်းခေါ်ဆိုမှုအတွက်သာမက အသုံးပြုသူ ၈ဦးအထိ ဗွီဒီယို chat များနှင့် ၁၆ဦးအထိ ပါဝင်နိုင်သော Rooms တွင်ပါ ထိုကဲ့သို့ပြုလုပ်သွားနိုင် တော့မှာပဲဖြစ်ပါတယ်။ 

အသုံးပြုသူများအနေနဲ့ ဓါတ်ပုံများ၊ application များ (သို့) web browser ကိုပါ ၎င်းပါဝင်သူတို့နဲ့ ဆက်သွယ်မျှဝေပေးနိုင်တော့မှာဖြစ်ပါတယ်။ အကယ်၍ သင်ဟာ Rooms app ကို အသုံးပြုသူတစ် ဦးဖြစ်ပါက မိုဘိုင်းလ်ဖုန်းမှဖြစ်စေ၊ ကွန်ပြူတာ desktop နှင့် web version များဖြင့်ဖြစ်စေ screen ကို သင်ဖုန်းခေါ်ဆိုထားသည့်မည်သူ့ထံသို့မဆို မျှဝေပြသနိုင်တော့မှာပဲဖြစ်ပါတယ်။ 

လက်ရှိအချိန်အထိမှာတော့ဘယ်သူမဆို screen ကို share လုပ်နိုင်ဦးမှာဖြစ်သော်လည်း Facebook က ထိုသို့ပြုလုပ်နိုင်ရန်အတွက် permission management tool တစ်ခုကို ထည့်သွင်းသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။ 

အနာဂါတ်တွင်လည်း ဗွီဒီယိုဖုန်းခေါ်ဆိုမှုများပြုရာတွင် လူ ၅၀ အထိ screen ကို sharing လုပ်၍ရ လာနိုင်ခြေရှိနေပြီး - ထိုပမာဏဟာ room တစ်ခုရဲ့ အများဆုံးသတ်မှတ်ထားတဲ့ limit ဖြစ်ပါတယ်။ 
 

(Unicode)





 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။