Samsung removed ads in their default apps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.10.2021 | Samsung မှ သူတို့ရဲ့ default app များတွင် ကြော်ငြာများထည့်သွင်းထားခြင်းကို ဖယ်ရှားပေးခဲ့

Samsung မှ သူတို့ရဲ့ default app များဖြစ်တဲ့ Samsung Weather, Samsung Pay နှင့် Samsung Theme တို့တွင်ကြော်ငြာများကိုပြဿနေခြင်းအား ရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့အတည်ပြုပြောကြားသွားခဲ့ပါတယ်။

၎င်းရဲ့ Mobile Chief ဖြစ်သူ TM Roh မှလည်း Samsung ရဲ့ internal town hall meeting တွင် - “Samsung Weather, Samsung Pay နှင့် Samsung Theme တို့အပါအဝင် Samsung ရဲ့ proprietary app များတွင် ကြော်ငြာများကိုပြသခြင်းကို ရပ်ဆိုင်းလိုက်ဖို့အတွက် Samsung မှ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီဖြစ်ပါတယ်။” ဟူ၍ ပြောကြားခဲ့ပြီး The Verge သို့ ပြောကြားခဲ့တဲ့ အတည်ပြုချက်အရ “အဆိုပါ update ဟာ ယခုနှစ် နှစ်ကုန်ပိုင်းခန့်တွင် ထွက်ရှိလာမှာဖြစ်တယ်” လို့ သိရှိရပါတယ်။

“ဆန်းသစ်မှုရှိတဲ့ Mobile Experience များကို ကျွန်ုပ်တို့အသုံးပြုသူများရဲ့ လိုအပ်ချက်နဲ့ လိုချင်မှုများအပေါ်မူတည်၍ ပေးစွမ်းနိုင်ရန်ဟာ ကျွန်ုပ်တို့ရဲ့ ဦးစားပေးရည်ရွယ်ချက်ပဲဖြစ်ပါတယ်။” “အသုံးပြုသူများထံမှ ဝေဖန်အကြံပြုချက်များကိုလည်း တန်ဖိုးထားပြီး ကျွန်ုပ်တို့ရဲ့ Galaxy ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် အကောင်းဆုံးအတွေ့အကြုံများကို ရရှိနိုင်ကြရန်အတွက် ဆက်လက်၍ ကြိုးစားသွားပါမယ်။” ဟူ၍လည်း ကုမ္ပဏီမှပြောဆိုခဲ့ပါတယ်။ Samsung မှ အဆိုပါ software များပေါ်ရှိ ကြော်ငြာများထည့်သွင်းနေမှုကို ဖယ်ရှားရန် update ပြုလုပ်ပေးမည့်ရက်အတိအကျကို ထုတ်ဖော်ပြောကြားသွားခြင်းမရှိသေးသော်လည်း Korea သတင်းဌာနတစ်ခုဖြစ်တဲ့ Yonhap ရဲ့ သတင်းတစ်ပုဒ်အရ အဆိုပါအပြောင်းအလဲကို မကြာမှီထွက်ရှိလာမည့် One UI software update နှင့်အတူ ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။