Samsung produced a specially designed tactical smartphone for military use.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.8.2020 | Samsung က အထူးပြုလုပ်ထားတဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာသုံး စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ခဲ့

Business Insiders မှ သတင်းတစ်ပုဒ်အရ Samsung က လွန်စွာအကြမ်းခံတဲ့ စစ်ဘက်ဆိုင်ရာသုံးစမတ်ဖုန်းတစ်လုံးကိုထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းကို Galaxy S20 Tatical Edition ဟု ခေါ်တွင်ပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအော်ပရေတာ များနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ အသုံးပြုဖို့အတွက် ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်။ အဆိုပါဖုန်းတွင် ပါဝင်တဲ့ ထပ်ဆောင်း encryption ပြုလုပ်ခြင်းမှအစ drone မြင်ကွင်းကိုကြည့်ရှုနိုင်မှုနှင့် ခြေရာခံမရနိုင်တဲ့ ဆက်သွယ်မှုများအထိ လက်တွေ့အသုံးဝင်နိုင်မယ့်အရာများကို ထည့်သွင်းဒီဇိုင်းရေးဆွဲထားပါတယ်။ 

အဆိုပါဖုန်းတွင် စစ်ဘက်ဆိုင်ရာရေဒီယိုများနဲ့ဆက်သွယ်နိုင်ခြင်း၊ မည်သည့် စစ်ဘက်ဆိုင်ရာပစ္စည်းနှင့်မဆို အံဝင်ခွင်ကျရှိစေမည့် အကြမ်းခံသည့်ကာဗာများနှင့် hubs များကိုရရှိနိုင်ခြင်း၊ ဒရုန်းမြင်ကွင်းများနှင့် လေဆာ အကွာအဝေးတိုင်းကိရိယာများကို စစ်ဆင်ရေးအတွက် အသုံးပြုနိုင်ခြင်း အစရှိသည့် စစ်ဘက်ဆိုင်ရာသုံး လုပ်ဆောင်ချက်များစွာလည်းပါဝင်ပါသေးတယ်။ 

ဒီ Galaxy S20 ဟာတော့ အများပြည်သူအသုံးပြုဖို့အတွက် ထုတ်လုပ်ထားတာမဟုတ်ပဲ ထိုဖုန်းကို အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များကသာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ 

(Unicode)




သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။