Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဓါတ်ပုံတွေ၊ Text Message တွေနဲ့ အခြားသောကိုယ်ရေးအချက်အလက်တွေပါဝင်နေသော သင့်ရဲ့ဖုန်းကို ဖုန်းပြင်ပေးသည့် နည်းပညာရှင်ထံသို့ ထိုးအပ်လိုက်ရခြင်းဟာ ရတက်မအေးစရာကောင်းလှပါတယ်။ အချို့သော သူများအနေနဲ့လဲ ဒီကဲ့သို့ ဖုန်းပြင်ထားရန်အပ်နှံထားစဉ်မှာ မိမိတို့ရဲ့အချက်အလက်တွေပေါက်ကြားသွားခဲ့မှုကို ကြုံဖူးခဲ့ကြပါလိမ့်မယ်။
Samsung ရဲ့ ကိုရီးယားသတင်း site ပေါ်ရှိ ထုတ်ပြန်ချက်တစ်ခုအရ ၎င်းတို့ဟာ ဒီပြဿနာကိုဖြေရှင်းနိုင်မည့် Repair Mode လို့ အမည်ပေးထားတဲ့ privacy feature တစ်ခုကို စတင်ထုတ်လုပ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာကို SamMobile မှ တွေ့ရှိခဲ့ရပြီး Ars Technica တွင်လည်း ထိုအကြောင်းကို ရေးသားထားခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ နည်းပညာရှင်များကို သင့်ဖုန်းရဲ့အတွင်းပိုင်းလုပ်ဆောင်ချက်များသို့ အကန့်အသတ်ဖြင့်သာ ဝင်ရောက်ကြည့်ရှုနိုင်စေမှာဖြစ်ပြီး ဖတ်ရှုရသည့်အချက်အလက်များအရ အဆိုပါလုပ်ဆောင်ချက်က နည်းပညာရှင်များအနေနဲ့ ဖုန်းတစ်လုံးကိုပြုပြင်ရန်လိုအပ်သည့် လုပ်ဆောင်ချက်များသို့သာ ဝင်ရောက်ခွင့်ရရှိစေမှာဖြစ်ပြီး အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကိုတော့ ပထမဆုံးအနေနဲ့ တောင်ကိုရီးယားနိုင်ငံရှိ Galaxy S21 ဖုန်းများသို့ စတင်ရောက်ရှိလာမှာဖြစ်ပြီး Samsung မှ လာမည့်အနာဂါတ်တွင် အခြားသောဖုန်းမော်ဒယ်များသို့လည်း အဆိုပါလုပ်ဆောင်ချက်ကို တိုးချဲ့၍အထောက်အပံ့ပြုလုပ်ပေးသွားဖို့ စီစဉ်လျှက်ရှိနေကြောင်း သိရှိရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။