Samsung Launches Pre-Orders for S21, the details are not known yet.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.1.2021 | Samsung မှ S21 ဖုန်းအတွက် Pre-Order များကို စတင်လက်ခံလျှက်ရှိနေသော်လည်း အသေးစိတ်အချက်အလက်များကိုတော့ ဖော်ပြသေးခြင်းမရှိ

SAMSUNG မှ လာမည့် Galaxy S21 စီးရီးဖုန်းများအတွက် ဓါတ်ပုံများကို ပရိသတ်များအတွက်ဖော်ပြပေးခြင်းမပြုလုပ်မှီမှာပင် ကြိုတင်မှာယူမှုပြုလုပ်နိုင်ရန်အတွက် Pre-registration page တစ်ခုကို လွှင့်တင်ပေးခဲ့ပါတယ်။

ကျွန်ုပ်တို့အနေနဲ့ Galaxy S21 စီးရီးဖုန်းများရဲ့အသွင်အပြင်ကို ဘယ်အချိန်မှာမြင်တွေ့နိုင်မလဲဆိုတာကို သေချာမသိရသေးပါဘူး။ ဒါပေမယ့် SAMSUNG ရဲ့ hardcore fan များကတော့ သူတို့ရဲ့ official pre-registration page မှာ သူတို့ရဲ့နာမည်များကိုစာရင်းပေးထားခဲ့ပြီး အဆိုပါဖုန်းထွက်လာတာနဲ့ ပထမဆုံးကိုင်နိုင်အောင်လို့နေရာယူနေကြပြီပဲဖြစ်ပါတယ်။ 

အဆိုပါ Galaxy S21 စီးရီးဖုန်းများ ဘယ်တော့ထွက်ရှိလာမလဲဆိုတာကို မသိရှိရသေးပေမယ့် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေတဲ့ကောလဟာလများအရ ယခုလအတွင်းတွင် အဆိုပါဖုန်းဟာ ထွက်ရှိလာနိုင်ချေရှိနေပါတယ်။ ဒါ့အပြင် အဆိုပါဖုန်းထွက်ရှိလာခဲ့ပါက နောက်ဆုံးပေါ် Snapdragon 888 နဲ့အတူ SAMSUNG ရဲ့ထုံးစံအတိုင်း Super AMOLED display တို့ဟာတော့ ပါဝင်လာနိုင်ချေရှိနေတာကိုတော့ သင့်အနေနဲ့မျှော်လင့်နိုင်ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။