Samsung has introduced a free return of goods within 90 days

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.5.2020 | Samsung မှ ပစ္စည်းများကို ရက် ၉၀ အတွင်း အခမဲ့ပြန်လည်ပေးသွင်းနိုင်မည့်အစီအစဉ်ကိုစတင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် Samsung မှ ရက် ၉၀အတွင်းဝယ်ယူထား သောပစ္စည်းများကို အခမဲ့ပြန် လည်ပေးသွင်းနိုင်မည့် အစီအစဉ်တစ်ရပ်ကို အချို့သောဥရောပနိုင်ငံများတွင် စတင်မိတ်ဆက်ခဲ့ပါသည်။

လျှပ်စစ်ပစ္စည်းများဝယ်ယူခြင်းသည် လက်တလောဖြစ်ပွားနေသောအခြေအနေများကြောင့် အနည်း ငယ်ပိုမိုရှုပ်ထွေးလျှက်ရှိပါသည်။ Samsung မှ ထို့အတွက်ကြောင့် သူတို့ရဲ့ ဝယ်ယူသုံးစွဲသူများ၏ လို အပ်ချက်များကိုပြည့်မှီမှုရှိစေရန်အတွက် ဝယ်ယူသည့်နေ့မှစ၍ ရက် ၉၀အတွင်းအခမဲ့ပြန်လည်ပေး သွင်းနိုင်မည့်အစီအစဉ်တစ်ရပ်ကို စတင်မိတ်ဆက်ရန်အတွက် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။

ယခုအချိန်တွင် သင်ဟာ Samsung ၏ မည်သည့်နည်းပညာပစ္စည်းမဆို ဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ် စေ အကုန်လုံးကို ရက် ၉၀ အတွင်း အခမဲ့ပြန်လည်ပေးအပ်နိုင်မှာဖြစ်ပါသည်။ ရောင်းချသူများအပေါ် မူတည်ပြီး ပစ္စည်းများကို ပြန်လည်ပေးအပ်ရမည့်စည်းကမ်းများ ပြောင်းလဲမှုရှိနိုင်သော်လည်း အွန် လိုင်းပေါ်မှမှာယူသောပစ္စည်းများကို လက်ခံရရှိပြီး ၁၄ရက်အတွင်းပြန်လည်ပေးသွင်းနိုင်မည့်လုပ်ငန်း စဉ်နှင့် ဆင်တူမှုရှိလိမ့်မည်ဖြစ်ပါသည်။

“လက်တလောဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါနှင့်စပ်လျင်း၍ဖြစ်ပေါ်နေသောအဟန့်အတား များကြောင့် လာမည့်ကာလများတွင် ကျွန်ုပ်တို့ဟာ မမျှော်လင့်နိုင်တဲ့ပြဿနာများနှင့်တွေ့ကြုံရလာ နိုငပါတယ်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့မှ ဖြစ်လာနိုငဖွယ်ရှိသော သတ်မှတ်ထားသည့် Samsung ၏ ထုတ်ကုန်များကို ရက်၉၀အတွင်း မည်သည့်အကြောင်းပြချက်မှ ပေးစရာမလိုပဲ ပြန်လည်ပေးအပ် နိုင်စေရန်အတွက် သတ်မှတ်ရွေးချယ်ထားသော ပြန်လည်ရောင်းချသူများနှင့် သဘောတူညီမှုများကို ပြုလုပ်ခဲ့ပါသည်။ စားသုံးသူများအနေဖြင့် လိုအပ်သည့် ကုန်ပစ္စည်းများကို အနာဂါတ်အတွက် စိုးရိမ် ရန်မလိုအပ်ပဲ ဝယ်ယူနိုင်မှာဖြစ်ပြီး၊ သတ်မှတ်ထားသောကာလအတွင်း ပြန်လည်ပေးအပ်နိုင်ပါက ရောင်းချသူများဖက်မှ ဝယ်ယူခဲ့သည့်ဈေးနှုန်းအတိုင်းအပြည့်အဝ ငွေသားများပြန်လည်ပေးလျော်မှု ကို မေးခွန်းတစ်စုံတစ်ရာမေးမြန်းမှုမပြုလုပ်ပဲ ပြန်လည်ပေးလျော်သွားမှာဖြစ်ပါတယ်” ဟု Samsung ၏ လျှပ်စစ်ပစ္စည်းဆိုင်ရာ စားသုံးသူဌာနမှ ကိုယ်စားလှယ်တစ်ဦးမှ ပြောဆိုခဲ့ပါသည်။

 

Unicode

 





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။