Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Samsung ရဲ့ Galazy Z Fold 2 ဟာ August လ၊ ၅ရက်နေ့တွင်ကျင်းပမည့် Unpacked 2020 event တွင် စတင်မိတ်ဆက်သွားနိုင်ခြေရှိနေပါတယ်။ ဒီဖုန်းမော်ဒယ်နဲ့ပက်သက်ပြီး ကျွန်ုပ်တို့ ဘာတွေသိထားသေးပါသလဲ?
Display Supply Chain Consultant များရဲ့ CEO ဖြစ်သူ Ross Young က သူ့ရဲ့ Twitter ပေါ်တွင် အားလုံးကစောင့်ဆိုင်းနေကြတဲ့ August လ၊ 5ရက်နေ့တွင်ကျင်းပမည့် Samsung Unpacked event တွင် Samsung Galaxy Z Fold 2 ကိုထုတ်ဖော်ပြသသွားမှာဖြစ်တယ်ဟု သူ့ရဲ့ Twitter အကောင့်မှတစ်ဆင့်ပြောကြားခဲ့ပါတယ်။
ထိုနေ့တစ်နေ့တည်းတွင်ပဲ အဆိုပါကုမ္ပဏီဟာ Galaxy Note 20, Galaxy Z Flip 5G, Galaxy Buds Live နဲ့ Galaxy Tab S7 တို့ကိုလည်း မိတ်ဆက်ပြသသွားမှာဖြစ်ပါတယ်။ အားလုံးစောင့်ဆိုင်းနေကြ တဲ့ Fold 2 တွင် 7.59“ Display နဲ့ 2213 x 1682 pixel resolution နဲ့ 372 DPI, 120 Hz refresh rate တို့ပါဝင်လာမှာဖြစ်ပါတယ်။
ထိုဖုန်းကိုဝယ်ယူရန်စိတ်ဝင်စားနေသူများအနေနဲ့ Snapdragon 865 (သို့) 865+ processor နဲ့ 8GB RAM တို့ကိုလည်းရရှိမှာဖြစ်ပါတယ်။
(Unicode)
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။