Samsung follows Apple: From next year, it will sell phones without chargers

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.7.2020 | Samsung ဟာလဲ Apple ကဲ့သို့လိုက်ပါလုပ်ဆောင်ပြီး နောက်နှစ်မှစတင်ကာ ဖုန်းများကို Charger များ မပါဝင်ပဲရောင်းချသွားတော့မှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်များအတွင်း Apple ဟာ ထွက်ရှိလာမည့် iPhone 12 အသစ်တွင် charging adapter များကိုထည့်သွင်းပေးတော့မှာမဟုတ်ဘူးလို့ ခန့်မှန်းပြောဆိုချက်များရှိခဲ့ပြီးနောက် Samsung ဟာလည်း ထိုနည်းအတိုင်းလိုက်လံလုပ်ဆောင်လာနိုင်ခြေရှိနေပါတယ်။ 

iPhone အသစ်များတွင် charger များပါဝင်လာတော့မှာမဟုတ်ဘူးဆိုတဲ့ သတင်းဟာ များစွာသော တုန့်ပြန်မှုများကိုဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီအခြေအနေဟာ Apple က headphone jack များကိုဖယ် ရှားခဲ့တုန်းကဖြစ်ပွားခဲ့သည့်အခြေအနေနဲ့ ဆင်တူနေပါတယ်။ 

အခြားသောဖုန်းထုတ်လုပ်သူများဟာ ထိုကဲ့သို့မကြာမှီတွင်လိုက်ပါလုပ်ဆောင်လာနိုင်ခြေလည်းရှိနေ ပြီး ကိုရီးယား server တစ်ခုဖြစ်တဲ့ ET News ရဲ့အဆိုအရ Samsung ဟာလည်း အချို့သော smartphone များတွင် ထိုကဲ့သို့ Charger များကိုမထည့်သွင်းပဲထုတ်လုပ်လာနိုင်ခြေရှိနေပါတယ်။ 

ထိုကဲ့သို့ Charger မပါဝင်တဲ့ Samsung များဟာ ဈေးကွက်ပေါ်တွင် နောက်နှစ်မှစတင်ကာပေါ် ပေါက်လာနိုင်ဖွယ်ရှိပြီး ထိုအရာက သူတို့ရဲ့ အမေရိကန်ပြိုင်ဖက်ဖြစ်သူကဲ့သို့ပင် 5G modem များကိုအကောင်အထည်ဖော်ထည့်သွင်းလိုက်ခြင်းအတွက် ကုန်ကျစားရိတ်များကာမိအောင်လုပ် ဆောင်ခြင်းတစ်ရပ်ပဲဖြစ်ပါတယ်။ 

ဒါကြောင့်မို့ မကြာမှီတွင်လည်း အခြားသောကုမ္ပဏီများဟာ ဒီခေတ်ရေစီးကြောင်းနောက်သို့ လိုက် ပါလုပ်ဆောင်လာနိုင်ဖွယ်ရှိတယ်လို့ယူဆနိုင်ပြီး ကျွန်ုပ်တို့အနေနဲ့ မကြာမှီတွင် ဖုန်းများဝယ်ယူရာ တွင် charger များ ပါဝင်လာတော့မှာမဟုတ်ပါဘူး။ အသုံးပြုသူများအနေနဲ့ ဒီအရာကိုသီးသန့်ဝယ် ယူခြင်း (သို့) အိမ်တွင်ရှိပြီးသား charger များနဲ့အသုံးပြုခြင်းကိုသာပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ 
 

(Unicode)





 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။