Samsung chooses Texas as site of new $17 billion chip plant

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.12.2021 | Samsung မှ Texas ပြည်နယ်တွင် ၎င်းတို့ရဲ့ ကန်ဒေါ်လာ ၁၇ ဘီလျံတန် chip ပြားစက်ရုံတစ်ခုတည်ဆောက်ရန် ရွေးချယ်ခဲ့

Samsung မှ Texas ပြည်နယ်၊ Taylor မြို့ရှိနေရာတစ်ခုတွင် ၎င်းတို့ရဲ့ ကန်ဒေါ်လာ ၁၇ ဘီလျံတန် ကွန်ပျူတာ chip ပြားစက်ရုံအားတည်ဆောက်သွားရန် ကမ္ဘာလုံးဆိုင်ရာ semiconductor များရှားပါးနေမှုပြဿနာများအကြားတွင် စတင်ဆောင်ရွက်လျှက်ရှိနေပြီဖြစ်ပြီး ဒါဟာ အဆိုပါတောင်ကိုရီးယားနိုင်ငံအခြေစိုက် လျှပ်စစ်လူသုံးကုန်ထုတ်လုပ်ရေးကုမ္ပဏီကြီးရဲ့ အမေရိကန်နိုင်ငံအတွင်း အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

အဆိုပါစက်ရုံဟာ နည်းပညာလုပ်ငန်းနယ်ပယ်အတွက် အလုပ်အကိုင်ပေါင်း ၂,၀၀၀ ကျော်ခန့်ကို ဖန်တီးပေးနိုင်မှာဖြစ်ပြီး လာမည့်နှစ်အစောပိုင်းမှစတင်ဆောက်လုပ်သွားတော့မှာဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အခြားသော ပြိုင်ဘက်ကုမ္ပဏီများနည်းတူ Samsung ဟာလည်း supply chain ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အမေရိကတွင် chip ပြားထုတ်လုပ်မှုများကို ပိုမို၍အပြိုင်အဆိုင်တိုးချဲ့မှုများကို ပြုလုပ်နေတာဖြစ်ပါတယ်.

“ပိုမိုမြင့်မားလာမယ့် ထုပ်လုပ်မှုစွမ်းရည်များဖြင့် ကျွန်ုပ်တို့ customer များရဲ့ လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး ကမ္ဘာ့ semiconductor supply chain တွင် တည်ငြိမ်မှုများ ဖြစ်ပေါ်လာစေရန် အထောက်အကူဖြစ်စေနိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်” ဟူ၍ Samsung electronics device solutions ရဲ့ Chief Executive ဖြစ်သူ Kinam Kim မှ ပြောကြားခဲ့ပါတယ်။ အဆိုပါစက်ရုံကို ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်ခန့်တွင် စတင်လည်ပတ်နိုင်ဖို့ ခန့်မှန်းထားကြောင်းကိုလည်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။