Samsung announced Partner Early Access Program for it’s SmartThings platform

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.6.2022 | Samsung မှ ၎င်းတို့ရဲ့ SmartThings platform အတွက် Partner Early Access Program ကို ကြေငြာမှုပြုလုပ်

Samsung မှ ၎င်းရဲ့ SmartThings လို့အမည်ပေးထားတဲ့ smart home platform အတွက် Partner Early Access Program တစ်ခုကို စတင်ကြေငြာမှုပြုလုပ်ခဲ့ပြီး Eve Systems နှင့် Aqara တို့အနေနဲ့ ၎င်းတို့ရဲ့ Matter နဲ့ ချိတ်ဆက်အသုံးပြုနိုင်မည့် device များကို စတင်စမ်းသပ်နိုင်ရန် ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရှိရပါတယ်။ 

သတိပြုရမယ့်အချက်က ဒါဟာ မီးလုံးများ၊ သော့များနှင့် အာရုံခံကိရိယာများ အစရှိတဲ့ Matter smart home device များကို အပြင်တွင် စတင်စမ်းသပ်အသုံးပြုလျှက်ရှိနေပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ Matter ရဲ့ နောက်ကွယ်က အဖွဲ့အစည်းဖြစ်တဲ့ Connectivity Standards Alliance (CSA) ကလည်း ၎င်းတို့ရဲ့စမ်းသပ်မှုကို ဖြတ်သန်းနေတဲ့ device များရှိနေကြောင်း ပြောကြားခဲ့ပြီးဖြစ်သော်လည်း ဘယ်အရာတွေကို ဘယ်သူ့ထံတွင် စမ်းသပ်မှုပြုလုပ်နေသလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ 

Samsung SmartThings ကတော့ ၎င်းတို့ဟာ Aeotec, Aquara, Eve Systems, Leedarson, Nanoleaf, Netatmo, Sengled, Wemo, WiZ နှင့် Yale ဆိုတဲ့ကုမ္ပဏီများနဲ့ အတူတကွပူးပေါင်းအလုပ်လုပ်လျှက်ရှိနေကြောင်း ကြေငြာခဲ့ပြီး အဆိုပါကုမ္ပဏီများဟာ မီးလုံးများ၊ မီးခလုတ်များ၊ ထိတွေ့မှုနှင့် လှုပ်ရှားမှုအာရုံခံကိရိယာများနဲ့ တံခါးသော့များထုတ်လုပ်တဲ့ကုမ္ပဏီများဖြစ်တဲ့အတွက် ယခုနှစ်ဆောင်းရာသီတွင် Matter ကို တရားဝင် launch ပြုလုပ်တဲ့အခါမှာ မည်သည့် device များပါဝင်လာနိုင်မလဲဆိုတာကို ခန့်မှန်းကြည့်၍ ရနိုင်ပြီဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။