Russian Internet Commission give Google 24 hours to delete illegal content

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.6.2021 | တရားမဝင်တဲ့ Content များကို ဖျက်ပစ်ရန်အတွက် ရုရှားနိုင်ငံပိုင်အင်တာနက် ကော်မရှင်အဖွဲ့မှ Google အား ၂၄ နာရီအချိန်ပေးခဲ့ 

Reuters သတင်းဌာနမှ သတင်းတစ်ပုဒ်အရ - နိုင်ငံပိုင် Roskomnadzor အင်တာနက်ကော်မရှင်မှ Google အား သူတို့ဖက်မှ တရားမဝင်သော Content များဟု သတ်မှတ်ထားသည့် ၂၆,၀၀၀ သော အဖြစ်အပျက်များကို ဖျက်ပစ်ရန်အတွက် ၂၄ နာရီအချိန်ပေးခဲ့ကြောင်း  သိရှိရပါတယ်။ 

အကယ်၍ Google အနေနဲ့ အဆိုပါအမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့ပါက သူတို့ရဲ့နှစ်စဉ်အသားတင်အမြတ်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိဒဏ်ကြေးအပြင် ရုရှားနိုင်ငံအတွင်း သူတို့ရဲ့ဝန်ဆောင်မှုများ နှေးကွေးသွားခြင်းနှင့်ပါ ရင်ဆိုင်လာရနိုင်ချေရှိနေပါတယ်။ အဆိုပါ ရုရှားနိုင်ငံပိုင်အေဂျင်စီမှ Google အား နိုင်ငံပိုင်မီဒီယာလုပ်ငန်းများဖြစ်တဲ့ RT နှင့် Sputnik တို့အပေါ် ဆင်ဆာဖြတ်တောက်မှုများပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများကိုလည်းပြုလုပ်ခဲ့ပါသေးတယ်။ 

အဆိုပါအေဂျင်စီမှ “ယခုကဲ့သို့ ရုရှားနိုင်ငံပိုင် သတင်းမီဒီယာများကို ဆင်ဆာဖြတ်တောက်မှုများပြုလုပ်ပြီး တရားမဝင်တဲ့ ဆန္ဒပြမှုလုပ်ရပ်များကို ထောက်ခံနေခြင်းဟာ Google မှ ရုရှားနိုင်ငံအတွင်း နိုင်ငံရေးအရောင်ဆိုးမှုများပြုလုပ်နေလျှက်ရှိတာကို ပေါ်လွင်စေပါတယ်။” ဟူ၍လည်း ပြောဆိုသွားခဲ့ပါသေးတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။