Russian government cracks down on REvil ransomware group due to a request from United States

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.1.2022 | အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ရုရှားနိုင်ငံအစိုးရမှ REvil ransomware ဟက်ကာအဖွဲ့ကို ဝင်ရောက်ဖမ်းဆီးခဲ့

ရုရှားနိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး service FSB ဟာ REvil ဟက်ကာအဖွဲ့ရဲ့ အဖွဲ့ဝင်များစွာကို အမေရိကန်အစိုးရရဲ့ တောင်းဆိုချက်အရ ဖမ်းဆီးမှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ FSB မှ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့က ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

Russian Interfax သတင်းဌာနရဲ့ ပြောကြားချက်အရ FSB ဟာ ရူဘယ်ငွေ 426 သန်း (ကန်ဒေါ်လာ ၅.၆ သန်း) ကို အဖွဲ့ဝင် ၁၄ ဦးပါဝင်တဲ့ REvil ဟက်ကာအဖွဲ့အား ဝင်ရောက်ဖမ်းဆီးမှုပြုလုပ်စဉ်တွင် ကန်ဒေါ်လာ ၆၀၀,၀၀၀ တန်ကြေးရှိ crypto ငွေကြေးများနှင့် ဇိမ်ခံကားအစီး (၂၀) တို့နှင့်အတူ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရပါတယ်။ 

FSB မှ Interfax သို့ပြောကြားချက်အရ ၎င်းတို့ဟာ အမေရိကန်အာဏာပိုင်များရဲ့တောင်းဆိုမှုကြောင့် အဆိုပါ စစ်ဆင်ရေးကိုပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့ကိုလည်း အဆိုပါစစ်ဆင်ရေးရဲ့ရလာဒ်တွေကို အကြောင်းကြားခဲ့ပြီး ဖြစ်ကာ အဆိုပါစစ်ဆင်ရေးဟာ REvil အဖွဲ့တစ်ခုလုံးကို အမြစ်ဖြတ်ဖြိုခွဲနိုင်ခဲ့တယ်လို့ FSB က ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။