Rivian reportedly considers laying off 700 employees

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.7.2022 | Rivian မှ ဝန်ထမ်းပေါင်း ၇၀၀ ခန့်ကို လျှော့ချရန် စီစဉ်နေ

လျှပ်စစ်ကားထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Rivian ဟာ ၎င်းတို့ရဲ့ဝန်ထမ်းပေါင်း ၁၄,၀၀၀ ခန့်ရဲ့ ၅% ဖြစ်တဲ့ ဝန်ထမ်းပေါင်း ၇၀၀ ခန့်ကို လျှော့ချရန်စီစဉ်နေကြောင်း Bloomberg မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါသတင်းအရ လက်ရှိတွင်တိတိကျကျဆုံးဖြတ်ထားခြင်း (သို့မဟုတ်) အတိအလင်းကြေငြာထားခြင်း မရှိသေးသော်လည်း Rivian က အဓိကအားဖြင့် ထုတ်လုပ်မှုအပိုင်းနှင့် သက်ဆိုင်မှုမရှိပဲ နောက်ပိုင်းလိုအပ်ချက်များကြောင့် ခန့်အပ်ခဲ့ရသည့် အလုပ်နေရာများကို လျှော့ချရန် အဓိကအားဖြင့် စဉ်းစားနေတာပဲဖြစ်ပါတယ်။ 

Rivian ရဲ့ ပြောရေးဆိုခွင့်ရသူ Miranda Jimenez ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ကုမ္ပဏီအနေနဲ့ လက်ရှိမှာတော့ ဘာကိုမှ ပြောကြားစရာမရှိသေးဘူးလို့ သိရှိရပြီး။ Bloomberg ကတော့ ဒီကိစ္စအတွက် တရားဝင်ကြေငြာမှုဟာ ရက်သတ္တပတ်အနည်းငယ်ကြာမှ ရောက်ရှိလာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။