Riot moves their in-person 'League of Legends' championship due to resurgence of COVID-19

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.8.2021 | Riot ရဲ့ in-person “League of Legends” ဗိုလ်လုပွဲကို COVID-19 ရောဂါပြန်လည်ပြန့်ပွားလာမှုကြောင့် နေရာပြောင်းရွှေ့မှု ပြုလုပ်ခဲ့ရ

The Verge မှ သတင်းတစ်ပုဒ်အရ Riot Games ဟာ League of Legends Championship Series (LCS) ရဲ့ နောက်ဆုံးပွဲစဉ် ၂ ခုကို Newark မြို့နယ်, New Jersey မြို့ရှိ Prudential Center မှ Los Angeles မြို့ရှိ LCS Arena သို့ ပြောင်းရွှေ့ကျင်းပခဲ့ရကြောင်း သိရှိခဲ့ရပါတယ်။ 

“Coronavirus Delta Variant ပြန့်ပွားလာမှုကြောင့် ဒီအချိန်မှာ ကာကွယ်ဆေးများကိုအသုံးပြုလျှက်ရှိနေကြပြီဖြစ်သော်လည်း ကြီးမားတဲ့ in-person event များကို ကောင်းစွာကျင်းပဖို့ မသင့်တော်ဘူးလို့ ယူဆမိပါတယ်။ LCS Arena ကတော့ ပိုမိုလုံခြုံတဲ့နေရာတစ်ခုဖြစ်ပြီး ကမ္ဘာကျော်ကိုယ်စားလှယ် ကစားသမားများ တရုတ်နိုင်ငံသို့မသွားရောက်မှီတွင် သူတို့ရဲ့ကျန်းမာရေးကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်” ဟူ၍ Riot က ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် Riot ဟာ လာမည့်အနာဂါတ်ကာလများတွင် Prudential Center ၌ ပွဲများထပ်မံကျင်းပသွားမည့်အကြောင်းကိုလည်း ကတိပေးပြောကြားခဲ့ပြီး လက်မှတ်များအတွက် အပြည့်အဝ refund ပြုလုပ်ပေးသွားမှာဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကိုတော့ မကြာမှီတွင် အသိပေးသွားမည်ဖြစ်ကြောင်း ကိုလည်း Riot က ပြောဆိုခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။