Riot Hired Former Netflix Executive For Its New Entertainment Division

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.9.2021 | Riot မှ ၎င်းတို့ရဲ့ Entertainment ဌာနခွဲ အသစ်အတွက် Netflix တွင် အလုပ်လုပ်ခဲ့ဖူးတဲ့ Executive တစ်ဦးကို ခေါ်ယူခဲ့

Riot မှ Netflix Executive ဟောင်းတစ်ဦးကို သူတို့ရဲ့ Entertainment ဌာနခွဲအသစ်အတွက် ခေါ်ယူဌားရမ်းမှုပြုလုပ်ခဲ့ကြောင်း IGN မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါ Brian Wright အမည်ရတဲ့ Netflix Executive ဟောင်းတစ်ဦးကို Riot ရဲ့ Chief Content Officer အနေနဲ့ ဌားရမ်းခေါ်ယူမှုပြုလုပ်လိုက်တာဖြစ်ပြီး Wright ဟာ Riot Entertainment ရဲ့ မူပိုင်ရုပ်ရှင်၊ TV နဲ့ animation project များကို ဖန်တီးပြုလုပ်ရန် ကူညီပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် Riot Games ရဲ့ အဆိုအရ Wright ဟာ Gaming နဲ့ Entertainment လုပ်ငန်းနယ်ပယ် (၂) ခုကို ပေါင်းကူးပေးနိုင်မယ့် တံတားတစ်ခုဖြစ်လာစေရန် ကြိုးစားအားထုတ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Netflix တွင် Wright ဟာ ၎င်းတို့ရဲ့ မူပိုင် content များဖြစ်တဲ့ Stranger Things, 13 Reasons Why နဲ့ အခြားသော ရုပ်ရှင်၊ ဇာတ်လမ်းများကို Platform ပေါ်သို့ ဆောင်ကြဉ်းပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Wight က Riot Games သို့ ရောက်ရှိလာရခြင်းဟာ အလွန်ပျော်ရွှင်ဖွယ်ကောင်းတယ်လို့ ပြောကြားခဲ့သလို “ကမ္ဘာတစ်ဝှမ်းရှိ Player များနဲ့ Fan များအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်လမ်းများကို ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးစားသွားပါမယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။