Riot Games paid $100 million for discrimination lawsuit.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.1.2022 | လူမျိုးရေးခွဲခြားမှုများရှိခဲ့တဲ့အတွက် Riot Games မှ ကန်ဒေါ်လာသန်း ၁၀၀ ဒဏ်ကြေးပေးဆောင်ခဲ့ရ 

မကြာသေးမှီကပဲ Riot Games ဟာ ကန်ဒေါ်လာသန်း ၁၀၀ ကို class-action lawsuit တစ်ခုအတွက် ဒဏ်ကြေးအဖြစ်ပေးဆောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။ အဆိုပါ တရားစွဲဆိုမှုကို Riot တွင် အလုပ်လုပ်ကိုင်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်း ၂ ဦးမှ ၂၀၁၈ ခုနှစ်တွင်စတင်တိုင်ကြားခဲ့တာဖြစ်ပြီး နောက်ပိုင်းတွင်အဆိုပါအမှုကို class-action (လူအများအတွက် ကိုယ်စားပြုတိုင်ကြားခြင်း) အဖြစ်ပြန်လည်၍ အဆင့်သတ်မှတ်ခဲ့ပါတယ်။ အဆိုပါတိုင်ကြားမှုတွင် Riot Games ရဲ့ လူမျိုးရေးခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်ခြင်းနဲ့ လစာငွေပေးအပ်ရာတွင် မမျှတမှုများ ပါဝင်နေခဲ့ပါတယ်။ 

ယခုချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အရ Riot Games ဟာ ကုမ္ပဏီတွင် နိုဝင်ဘာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်လုပ်ကိုင်ခဲ့ဖူးတဲ့ full-time, part-time နဲ့ temporary အမျိုးသမီးဝန်ထမ်းများအားလုံးကို လျော်ကြေးငွေအဖြစ် ခွဲဝေပေးအပ်ရန် ကန်ဒေါ်လာ သန်း ၈၀ ကို ပေးအပ်ဖို့ သဘောတူခဲ့ပြီး ကျန်ရှိနေသေးသော ကန်ဒေါ်လာသန်း ၂၀ ကိုတော့ ရှေ့နေခအဖြစ် ပေးဆောင်သွားရမှာဖြစ်ပါတယ်။ 

ဒဏ်ကြေးအဖြစ် အထက်ပါအတိုင်း ကန်ဒေါ်လာ သန်း ၁၀၀ ကို ပေးဆောင်ရမယ့်အပြင် Riot Games ဟာ ၎င်းတို့ရဲ့လုပ်ငန်းခွင်ပေါ်လစီများကို ပြန်လည်ပြင်ဆင်ရေးဆွဲရမှာဖြစ်ပြီး ၎င်းတွင် လက်ရှိနှင့် ယခင်က ယာယီ contract ဝန်ထမ်းများမှ အမြဲတမ်းရာထူးများကိုလျှောက်ထားနိုင်ရန်နှင့် အလုပ်လျှောက်ထားသူများနှင့် လစာငွေညှိနှိုင်းရာတွင် ပိုမို၍ပွင့်လင်းမြင်သာမှုရှိစေဖို့ဆိုတဲ့အချက်များလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။