Repeaters, Antennas, and Reflectors

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.8.2020 | Repeater များ၊ အင်တာနာတိုင်များနှင့် Reflector များ 

လွန်စွာကျယ်ပြန့်တဲ့ဧရိယာတစ်ခုလုံးတွင် wireless signal ရရှိနိုင်ရန်အတွက်လိုအပ်နေပြီး သင့်ရဲ့ router တစ်ခုတည်းရဲ့အစွမ်းနဲ့ ထိုသို့ဖြစ်ပေါ်လာအောင်ပြုလုပ်နိုင်စွမ်းလည်းရှိမနေပါက သင့်အနေနဲ့ wireless repeater (သို့) range extender ကို ဝယ်ယူလိုက်နိုင်ပါတယ်။ 

ဒီစက်ပစ္စည်းများဟာ wireless signal ကိုတစ်ဖန်ပြန်လည်ထုတ်လွှင့်ပေးနိုင်ပြီး အင်တာနက်ရရှိနိုင် တဲ့ဧရိယာကို ပိုမိုကျယ်ပြန့်သွားစေပါတယ်။ ဒီအရာအတွက်အထူးပြုလုပ်ထားတဲ့စက်တစ်ခုကို တောင်လိုအပ်မှာမဟုတ်ပါဘူး - သင့်ထံတွင် router အဟောင်းများရှိနေသေးပါက ထို router များ ကိုအသုံးပြုပြီး သင့်ရဲ့ Wi-Fi ကွန်ယက်ရရှိနိုင်တဲ့ဧရိယာကိုတိုးချဲ့နိုင်ပါတယ်။ 

သင့်ရဲ့ router အပေါ်မူတည်၍ သင့်ရဲ့ signal ကို ပို၍ဝေးဝေးရောက်နိုင်စေဖို့အဆင့်မြှင့်တင်ထားတဲ့ အင်တာနာတိုင်ကိုလည်း တပ်ဆင်နိုင်ကောင်း တပ်ဆင်နိုင်ပါလိမ့်မယ်။ ဒါမှမဟုတ် signal များကို ပြန်လည်ထုတ်လွှင့်ပေးနိုင်စေမယ့် Wi-Fi reflector တစ်ခုကိုလည်းတည်ဆောက်ကြည့်နိုင်ပါတယ်။ 

Wi-Fi ဟာ အနာဂါတ်တွင်ပိုမိုတိုးတက်မှုရှိလာမည့်အရာတစ်ခုဖြစ်သည်ဟု ထင်မြင်ရသော်လည်း၊ ကြိုးနဲ့ဆက်သွယ်ထားသော network connection များကိုအသုံးပြုခြင်းက ပိုမိုများပြားသော အား သာချက်များရှိနေပါသေးတယ်။ အကယ်၍ယုံကြည်စိတ်ချရပြီးပိုမိုမြန်ဆန်သောမြန်နှုန်းကိုရရှိလိုပြီး interference ပြဿနာများကိုသင့်အနေနဲ့ မကြုံတွေ့လိုဘူးဆိုရင်တော့ ကြိုးနဲ့ဆက်သွယ်ထားသော network connection များဟာ အားအထားရဆုံး၊ အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်နေဦးမှာပဲဖြစ် ပါတယ်။ 

(Unicode)





သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။