Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
ဩဂုတ်လအတွင်းက Volodymyr Diachenko ဟူသည့် လုံခြုံရေးဆိုင်ရာ သုတေသီတစ်ဦးက Gaming hardware များရောင်းချသူကုမ္ပဏီတစ်ခုဖြစ်တဲ့ Razer က ပိုင်ဆိုင်ထားတဲ့ မှားယွင်းစွာ configure ပြုလုပ်ခြင်း ခံထားရတဲ့ Elasticsearch cluster တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါ cluster ကနေ အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားသွားခဲ့ပါတယ်။
အဆိုပါ cluster တွင် သုံးစွဲသူများရဲ့ မှာယူမှုများဖြစ်တဲ့ ဝယ်ယူခဲ့သော ပစ္စည်းများ၊ ဖောက်သည်များရဲ့ email, ဖောက်သည်များရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အစရှိတဲ့ credit card နဲ့ငွေပေးခြေမှုတွင် ပါဝင်သော အချက်အလက်များအားလုံးပါဝင်သွားခဲ့ပါတယ်။ ဒီ Elasticsearch cluster ဟာ ပြင်ပသို့ပေါက်ကြားရုံမျှမက၊ public search engine များထံသို့ပါ ပေါက်ကြားသွားခဲ့တာဖြစ်ပါတယ်။
Diachenko ကတော့ ဒီ မှားယွင်းစွာ configure ပြုလုပ်ခြင်းခံထားရပြီး အသုံးပြုသူပေါင်း ၁၀၀၀၀၀ ကျော်ရဲ့ အချက်အလက်များပါဝင်နေတဲ့ cluster အကြောင်းကို Razer ထံသို့ ချက်ခြင်းအကြောင်းကြားပေးခဲ့ပါတယ်။ သို့သော်လဲ support ကိုယ်စားလှယ်တစ်ဦးထံမှ အခြားတစ်ဦးထံသို့ အဆိုပါ report ဟာ ၃ပတ်ခန့် လှည့်ပတ်ခဲ့ ပြီးနောက်တွင်မှ ပြင်ဆင်ပေးနိုင်ခဲ့တယ်လို့ အင်တာနက်သတင်းများအရ သိရှိခဲ့ရပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။