Ransomware Attack Has Caused Ireland to Shut Down Most of Its Healthcare Systems

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.5.2021 | Ransomware တိုက်ခိုက်မှုတစ်ခုကြောင့် အိုင်ယာလန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အများစုကို ပိတ်ထားခဲ့ရ 

အိုင်ယာလန်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို အထောက်အပံ့ပေးထားတဲ့ IT system အများစုအားပိတ်ထားခဲ့ရသည်အထိ ဖြစ်ပွားစေခဲ့တဲ့ လွန်စွာရှုပ်ထွေးသော Ransomware တိုက်ခိုက်မှုတစ်ခုကြောင့် ယခုအခါ ဆရာဝန်များအနေနဲ့ လူနာဆေးမှတ်တမ်းများကို ကြည့်ရှု၍မရနိုင်တော့ပဲ လူနာများဖက်ကလည်း သူတို့အနေနဲ့ ဆေးခန်းပြဖို့ ယခင်ချိန်းဆိုထားသည့်အတိုင်း သွားရ/ မသွားရကို မသေချာပဲဖြစ်နေကြကြောင်း Ars မှ သတင်းတစ်ပုဒ်တွင် ရေးသားထားခဲ့ပါတယ်။ 

အိုင်ယာလန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုအရာရှိ (HSE) ဖြစ်သူ Paul Reid မှ နိုင်ငံအတွင်းရှိ ရေဒီယိုသတင်းဌာနတစ်ခုတွင်တော့ အဆိုပါ System များကို ပိတ်ထားရခြင်းဟာ “သူတို့ရဲ့ အဓိကဝန်ဆောင်မှုများပါဝင်နေတဲ့” နိုင်ငံပိုင်နှင့် ပြည်သူပိုင် System များကို ထိခိုက်စေခဲ့တဲ့ အဆိုပါ Cyberattack ဖြစ်ပွားပြီးနောက် လုံခြုံရေးအရပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဖြစ်သူ Stephen Donnelly ကတော့ သူ့ရဲ့ Twitter အကောင့်ပေါ်တွင် “ဒီအရာက ယနေ့မှာ ကျွန်ုပ်တို့ရဲ့ ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှုဝန်ဆောင်မှုများအပေါ်တွင် ဆိုးရွားတဲ့အကျိုးဆက်များကို ဖြစ်ပွားစေခဲ့ပါတယ်။ သို့ပေမယ့် တစ်သီးပုဂ္ဂလဝန်ဆောင်မှုများနှင့် Hospital group များတွင်တော့ အခြားသောနည်းလမ်းများဖြင့် အကျိုးသက်ရောက်မှုများရှိလာမှာဖြစ်ပါတယ်။ ယခုအချိန်တွင် National Ambulance Service အပါအဝင် အရေးပေါ်ဝန်ဆောင်မှုများကိုတော့ ဆက်လက်၍ ဝန်ဆောင်မှုပေးလျှက်ရှိနေပါတယ်။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။