Public IP address

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

6.5.2020 | Public IP address

Public IP address

သင်အပန်းဖြေခရီးထွက်နေစဉ်တွင် ရုတ်တရက် သင့်အိမ်ရှိ computer ပေါ်၌ သင်လုပ်စရာတစ်ခုခုရှိနေသည်ကို သတိရသွားခဲ့ပါက အဆိုပါတောင်းဆိုမှုသည် ဖြစ်နိုင်ဖွယ်မရှိနိုင်ပါဟု ထင်ရနိုင်ပါသည်။ သို့သော်လည်း Public IP address နှင့် မှန်ကန်သောလုပ်ငန်းစဉ်တို့၏အကူအညီဖြင့် နက်နဲသော ကွန်ပြူတာအသိပညာမရှိလျှင်တောင်မှ သင်ထိုသို့လုပ်ဆောင်နိုင်ပါလိမ့်မည်။

သင့်ရဲ့ကွန်ပြူတာအား အဝေးမှထိန်းချုပ်နိုင်ခြင်းကိုလျှော့မတွက်လိုက်ပါနဲ့

ကွန်ပြူတာတစ်လုံးအား အဝေးမှ desktop တစ်လုံးဖြင့် ထိန်းချုပ်နိုင်ခြင်းမှာ developer အချို့နှင့် ကွန်ပြူတာပညာကိုရူးသွပ်သူအချို့တို့သာလုပ်ဆောင်နိုင်သောအရာဟုထင်ရသော်လည်း အမှန်တကယ်မှာ ထိုအရာနှင့်ပြောင်းပြန်ဖြစ်ပါတယ်။ များစွာသော ကိစ္စရပ်များတွင် လွန်စွာပုံမှန်အသုံးပြုသူများပင်လျှင် ကွန်ပြူတာအားထိုသို့ထိန်းချုပ်အသုံးပြုနိုင်သည့်စွမ်းရည်အားရယူပိုင်ဆိုင်လိုကြပါတယ်။ ထိုသို့ချိတ်ဆက်မိပြီဆိုပါက အဝေးတစ်နေရာတွင်ရှိသော ကွန်ပြူတာပေါ်ရှိ program အသုံးပြုနိုင်ရန်မှာ သင့်အတွက်ခက်ခဲမှာမဟုတ်ပါဘူး။ သင်ဟာ ဖိုင်များနဲ့ အခြားမည်သင့်အရာများနှင့်မဆို ကွန်ပြူတာတစ်လုံးရှေ့တွင်ထိုင်နေရသကဲ့သို့ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ကွန်ပြူတာကိုအဝေးမှထိန်းချုပ်ခြင်း ဟာ သင့်ကိုယ်ရေးအချက်အလက်များကို လုံခြုံစိတ်ချမှုရှိစွာဝင်ရောက်ရန်အတွက်ဖြစ်လာနိုင်သလို သင့်ရဲ့ smart အိမ်ရဲ့ ထိန်းချုပ်ခန်းတစ်ခုလဲ ဖြစ်လာနိုင်ပါတယ်။

ကွန်ပြူတာတစ်လုံးအား အဝေးမှဘယ်လိုနည်းနဲ့ ချိတ်ဆက်နိုင်မှာလဲ?

များစွာသော ပရိုဂရမ်များဟာ ကွန်ပြုတာကို အဝေးမှထိန်းချုပ်ခြင်းလုပ်ဆောင်ချက်အားဆောင်ရွက်နိုင်ပါတယ်။ Microsoft မှ ထုတ်လုပ်ထားသော တရားဝင် ပရိုဂရမ်ကိုသာ သင်အသုံးပြုနိုင်သည်မဟုတ်ပဲ စမတ်ဖုန်းများနဲ့ iOS တို့အတွက်ထုတ်လုပ်ထားသော application များအပြင် များစွာသော အခမဲ့ application များရှိနေပါတယ်။ အခြေခံကတော့ အသုံးပြု သူများအဝေးမှချိတ်ဆက်လိုသည့် ကွန်ပြူတာအပေါ် ထိုအသုံးပြုသူတစ်ဦးချင်းစီမှ လုပ်ပိုင်ခွင့်ရရှိရန်နှင့် အဝေးမှထိန်းချုပ်မှုပြုနိုင်ရန်ဖြစ်ပါသည်။ အကယ်၍ ကွန်ပြူတာဟာ ပိတ်ထား (သို့မဟုတ်) sleep ဖြစ်နေ ပါကလည်း သင်ဟာ control panel setting များကိုထိန်းချုပ်နိုင်နေသေးမှာဖြစ်ပြီး Hardware setting ၏ အစိတ်အပိုင်းတစ်ခုအနေနှင့် ကွန်ပြူတာကို အဝေးမှလှမ်း၍ဖွင့်နိုင်မှာဖြစ်ပါတယ်။

အိမ်၏အဝေးမှ ချိတ်ဆက်မှုပြုနိုင်ရန်အတွက် သင့်ထံတွင် public IP address ရှိနေဖို့လိုအပ်ပါသည်။

ကွန်ပြူတာတစ်လုံးအား သင်ဟာ အိမ်၏ပြင်ပမှ ထိန်းခ်ုပ်လိုသည့်အခါတွင် သင့်ထံတွင် ကြိုတင်သတ်မှတ်ထားသော IP address ရှိနေရန်လိုအပ်ပါသည်။ အဆိုပါအရာအား များစွာသောရောင်းချသူတို့မှ ဈေးကြီးပေး၍ဝယ်ယူရနိုင်သော်လည်း Vnet တွင် အကောင်းဆုံး၊ အသက်သာဆုံးဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ကုမ္ပဏီ၏ အာမခံချက်ပေးထားသော အင်တာနက် (DIA) ကွန်နက်ရှင်အားအသုံးပြုသူဖောက်သယ်များနှင့် 50 Mb/s နှုန်းထားအားအသုံးပြုသူဖောက်သယ်များနှင့် လစဉ် အနည်းဆုံး ၆၀၀၀၀ ကျပ်ဖိုးဝယ်ယူအသုံးပြုကာ အခမဲ့ wifi router အစား public IP address လိုချင်သော ဖောက်သယ်များမှရရှိနိုင်မှာဖြစ်ပါတယ်။ တည်မြဲသော public IP address တစ်ခုမရှိပဲနဲ့ ကွန်ပြူတာတစ်လုံးအား အဝေးမှ ချိတ်ဆက်အသုံးပြူနိုင်မှာ မဟုတ်ပါဘူး။

ကွန်ပြူတာအား အဝေးမှထိန်းချုပ်နိုင်ခြင်းအပြင် 

အခမဲ့ public IP address မှာ သင်ဟာ သင့်အိမ်မှကွန်ပြူတာအား အဝေးမှထိန်းချုပ်လုပ်ဆောင်လိုနေသရွေ့ ထိုအရာဟာအားသာချက်တစ်ခုဖြစ်ပါသည်။ သင်ဟာ network drive များ သို့မဟုတ် ကင်မရာစနစ်များသို့လည်း ဝင်ရောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်တွင် အဝေးရှိ ကွန်ပြူတာတစ်လုံးအားထိန်းချုပ်ရန် အခြားကွန်ပြူတာတစ်လုံးမှသာလုပ်ဆောင်၍ရနိုင်သည်မဟုတ်ပဲ မိုဘိုင်းလ်ဖုန်း သိုမဟုတ် multimedia tablet များမှပါ ထိန်းချုပ်လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။ အင်တာနက်မှတစ်ဆင့် ကွန်ပြူတာတစ်လုံးအားထ ိန်းချုပ်နိုင်ခြင်းလုပ်ဆောင်ချက်ကို အသုံးချရန်မတွန့်ဆုတ်လိုက်ပါနဲ့။ သင့်ထံတွင် public IP address တစ်ခုရှိခြင်းဟာ အလွန်အဆင်ပြေစေပြီး အံ့အားသင့်ဖွယ်ရာရိုးရှင်းမှုရှိသည်ကို မြန်ဆန်စွာသင်လက်ခံနားလည်လာပါလိမ့်မယ်။ နောက်ဆုံးအနေဖြင့် အကြံပေးလိုသည့်တစ်ချက်မှာ သင်အိမ်မှ အခြား အဝေးတစ်နေရာသို့မထွက်ခွာမှီတွင် ဆက်သွယ်ချိတ်ဆက်မှုနှင့် ကွန်ပြူတာအားထိန်းချုပ်နိုင်မှု အပြင်လိုအပ်သောလုပ်ဆောင်ချက်တို့ကို သေချာစွာစစ်ဆေးမှုများပြုလုပ်ပါ။ သင့်ရဲ့ setting များထဲမှ အမှားသေ‌းသေးလေးတစ်ခုကြောင့် တစ်စုံတစ်ခုအလုပ်မလုပ်နိုင်ဖြစ်နေသည်ကို အချိန်လွန်သည့်အခါတွင်မှသိရှိပါက စိတ်ပျက်ဖွယ်ဖြစ်နိုင်စေသော‌ကြောင့်ဖြစ်ပါသည်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။