Pros and Cons of Wireless Internet

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

31.7.2020 | Pros and Cons of Wireless Internet

လိုင်စင်ရ (သို့) လိုင်စင်မှတ်ပုံမတင်ထားသည့် spectrum (ရောင်စဉ်) များကိုအသုံးပြုထားသည့် ကြိုးမဲ့အင်တာနက်ဟာလွန်ခဲ့တဲ့နှစ်များစွာကတည်းကရှိနေပြီးသားဖြစ်ပါတယ်။ 

ဒီနည်းပညာဟာယခင်အချိန်များကထက် သိသိသာသာကိုတိုးတက်လာခဲ့ပြီး တိုတောင်းသော အကွာ အဝေးများတွင် 1000 Mbps (သို့) ထို့ထက်ပိုမိုရရှိဖို့မှာဖြစ်နိုင်ပါတယ်။ ၎င်းက သင့်ရဲ့ကုမ္ပဏီကို အင်တာနက်ရရှိစေရန်အတွက် ကုန်ကျစားရိတ်နည်းပါးသောကနဦးတပ်ဆင်ခရှိပြီး ရွှေ့ပြောင်းရ လွယ်ကူစေသော်လည်း သူတို့ထံတွင်ရရှိနိုင်တဲ့ bandwidth ပမာဏဟာ အကန့်အသတ်ရှိနေပြီး လုံခြုံရေးဆိုင်ရာအန္တရာယ်ရှိမှုများဟာ သင့်ကိုအခြားတစ်ခုကိုရွေးချယ်ဖို့ပိုမိုတိုက်တွန်းနေမှာဖြစ်ပါ တယ်။ 

အားသာချက် # ၁: ကနဦးကုန်ကျစားရိတ် 
ကြိုးမဲ့ကွန်ယက်များဟာ Fiber ကွန်ယက်တပ်ဆင်ထားခြင်းမရှိတဲ့နေရာများတွင် ကနဦးတပ်ဆင်ခ ကြီးမြင့်ခြင်းကိုဖြေရှင်းနိုင်မည့်နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ကြိုးမဲ့ကွန်ယက်များဟာ Fiber ကဲ့သို့ အကျယ်ချဲ့ကာတပ်ဆင်ရန်မလိုအပ်သည့်အတွက် တပ်ဆင်ခဟာ မရှိသလောက်နည်းပါးပါတယ်။ ကာလတိုဖြေရှင်းချက်တစ်ရပ်အနေနဲ့တော့ သင်ဟာ အင်တာနာတိုင်နဲ့ ထိုအင်တာနာတိုင်နဲ့ချိတ် ဆက်မယ့် network access တစ်ခုသာလိုအပ်တဲ့အတွက် ကြိုးမဲ့အင်တာနက်ဟာ သင့်ကုမ္ပဏီ အတွက်အကောင်းဆုံးရွေးချယ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ 

အားသာချက် # ၂: တပ်ဆင်ရမြန်ဆန်ခြင်း 
ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုတစ်ခုအတွက်ဆိုပါက အင်တာနာသာရှိနေမယ်ဆိုရင် အင်တာနက် ကွန်နက်ရှင်ကို တစ်ရက်အတွင်းတပ်ဆင်နိုင်မှာဖြစ်ပါတယ်။ မြေတူးရခြင်းများလည်းလိုအပ်မှာ မဟုတ်သလို အခြားသော third party များဖြစ်တဲ့ ဖုန်းကုမ္ပဏီ (သို့) ဖိုင်ဘာအင်တာနက်ဝန်ဆောင် မှုပေးတဲ့ကုမ္ပဏီများကိုလည်းအားကိုးနေရန်လိုအပ်မှာမဟုတ်ပါဘူး။ Downtown Washington DC townhouse တွင်နေထိုင်တဲ့ ကျွန်ုပ်တို့ရဲ့ customer တစ်ဦးကို 100 Mbps ကြိုးမဲ့အင်တာနက် အား တစ်ပတ်အတွင်းတပ်ဆင်ပေးခဲ့ဖူးပါတယ်။ 

အားသာချက် # ၃: Hot Spot များ 
သင့်ရဲ့လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး သင့် customer များကို သင့်ရဲ့အင်တာနက်ကွန်ယက် အတွင်း hotspot များသို့ဝင်ရောက်နိုင်စေဖို့လုပ်ဆောင်ထားခြင်းဟာ ကောင်းမွန်တဲ့အကျိုးကျေးဇူး တစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒီအရာကသင့်ရဲ့ဝန်ထမ်းတွေအသုံးပြုနေတဲ့ကွန်ယက်နဲ့မတူတဲ့ သီးခြားကွန် ယက်တစ်ခုဖြစ်နေသင့်ပါတယ်။ ထိုသို့လုပ်ဆောင်ထားခြင်းအားဖြင့် သင့်ရဲ့ရုံးတွင်းအင်တာနက်သုံးစွဲ မှုများကိုအနည်းငယ်ပိုမိုပြီးလုံခြုံမှုရှိစေမှာပါ။ 

အားနည်းချက် #၁: လိုင်းဆွဲအား 
ကြိုးမဲ့အင်တာနက်များရဲ့အကြီးမားဆုံးပြဿနာတစ်ရပ်ကတော့လွှင့်ထုတ်ပေးနေတဲ့နေရာမှဝေးကွာ လာတာနဲ့အမျှလိုင်းဆွဲအားများဟာကျဆင်းလာတတ်တာပဲဖြစ်ပါတယ်။ Fiber optic များကတော့ ဒီပြဿနာကို ကြိုးဖြင့်တပ်ဆင်ထားတဲ့ network ကိုအသုံးပြုထားသည့်အတွက် ဖြစ်ပေါ်စေမှာမ ဟုတ်ပါဘူး။ ကြိုးမဲ့အင်တာနက်များတွင်တော့ သူတို့ရဲ့အကောင်းဆုံးအနေအထားမှာပင် သင့်ကုမ္ပ ဏီကို Fiber optic များနဲ့နှိုင်းစာလျှင်တူညီတဲ့မြန်နှုန်းကိုပေးစွမ်းနိုင်မှာမဟုတ်ပါဘူး။ 

အားနည်းချက် #၂: လုံခြုံရေး 
ကြိုးမဲ့အင်တာနက်များတွင်လုံခြုံမှုရှိစေရန်ပြုလုပ်ရခြင်းဟာ Fiber optic ကွန်ယက်များတွင်လုံခြုံ မှုရှိစေရန်ပြုလုပ်ရခြင်းထက်ပိုမိုပြီးခက်ခဲပါတယ်။ Fiber optic ကေဘယ်လ်များသို့ဝင်ရောက်နိုင် ရန်အတွက်မှာ ကြိုးကိုဖြတ်တောက်နိုင်မှသာဖြစ်နိုင်မှာဖြစ်သော်လည်း သင့်တော်စွာကျွမ်းကျင်မှုရှိ တဲ့သူတို့ဟာ ကြိုးမဲ့ကွန်ယက်တစ်ခုအတွင်းသို့ဝင်ရောက်နိုင်ကြမှာဖြစ်တဲ့အပြင် ထိုသူများကိုခြေရာ ခံနိုင်မယ့်နည်းလမ်းများမှာလည်းအကန့်အသတ်ရှိနေပြန်ပါတယ်။ လိုင်စင်ခွင့်ပြုချက်ရရှိထားတဲ့ spectrum များကိုအသုံးပြုနေတဲ့အခါမှာဖောက်ထွင်းဝင်ရောက်နိုင်ဖို့အတွက်ပိုမိုခက်ခဲသော်လည်း wi-fi ကိုအသုံးပြုနေပါက အခြားသူများလက်ထဲသို့ရောက်မသွားစေရန်ကာကွယ်ရမည့်ဒေတာများ ထက် သာမန်အသုံးပြုနေကျ ပေးပို့မှုများတွင်ပိုမိုပြီး လုံခြုံရေးကျိုးပေါက်မှုများဖြစ်ပွားနိုင်ခြေရှိနေ ပါတယ်။ 

အကယ်၍သင့်ရဲ့လုပ်ငန်းတစ်ခုအတွက်လုံခြုံမှုရှိသောကွန်ယက်တစ်ခုကိုထိန်းသိမ်းထားနိုင်ဖို့မှာ လွန်စွာအရေးကြီးတဲ့အချက်တစ်ခုဖြစ်နေပါက ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှုများ (အထူးသဖြင့် လိုင်စင်မှတ်ပုံတင်မရထားသည့် specture များကိုအသုံးပြုခြင်း) ဟာ သင့်အတွက်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်နိုင်မှာမဟုတ်ပါဘူး။ 

(Unicode)









NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.