Pros and Cons of Fiber Internet

Call +95 9 959740020 now. We'll help you find internet & TV deals in your area.

30.7.2020 | Pros and Cons of Fiber Internet

ဖိုင်ဘာအင်တာနက်ဟာ ယနေ့ခေတ်တွင် အားလုံးကရွေးချယ်လိုတဲ့အရာတစ်ခုဖြစ်လို့လာပါပြီ။ ၎င်း ဟာ သမားရိုးကျ ကြေးနီကိုအခြေခံထားတဲ့ T-1, DSL နှင့် Ethernet over Copper ကဲ့သို့သော facility များကို အစားထိုးနေရာယူလာပြီဖြစ်ပါတယ်။ မြန်ဆန်သောအင်တာနက်မြန်နှုန်းရှိပြီး အားကိုးအားထားပြုနိုင်သည့်ဝန်ဆောင်မှုရှိခြင်းတို့ကြောင့် ကျွန်ုပ်တို့ရဲ့ သုံးစွဲသူပရိသတ်များဟာ ကြေးနီအခြေခံထားတဲ့ဝန်ဆောင်မှုများကို Fiber အင်တာနက်များမရနိုင်တဲ့အခါ (သို့)အလွန်ဈေးနှုန်း မြင့်မားလျှက်ရှိနေတဲ့အခါများတွင်သာ ရွေးချယ်ဝယ်ယူလေ့ရှိတာကိုတွေ့ရှိရပါတယ်။ 

အားသာချက် # ၁: အင်တာနက်ကွန်နက်ရှင်အရည်အသွေး 
Fiber optic အင်တာနက်ကိုတပ်ဆင်ရခြင်းရဲ့အကောင်းဆုံးအကျိုးကျေးဇူးကတော့ သင့်အင်တာ နက် ကွန်နက်ရှင်ရဲ့ အရည်အသွေးပဲဖြစ်ပါတယ်။ အခြားသော ကြိုးနဲ့တပ်ဆင်ရတဲ့ကွန်နက်ရှင်များနဲ့ အထူးသဖြင့် ကြိုးမဲ့ကွန်နက်ရှင်များနဲ့ မတူညီတဲ့အချက်ကတော့ ကွန်နက်ရှင်တစ်ခုရဲ့အရင်းအမြစ်မှ ဝေးကွာသွားရင်တောင်မှ fiber လိုင်းဆွဲအားများဟာ အနည်းငယ်သာလျော့ကျသွားတတ်ခြင်းပဲဖြစ် ပါတယ်။ ဥပမာ - ကြေးနီကိုအခြေခံတဲ့ဝန်ဆောင်မှုများတွင် repeater များရဲ့အကူအညီနဲ့တောင်မှ မှန်ကန်စွာသတ်မှတ်၍မရနိုင်တဲ့ အကွာအဝေးကန့်သတ်ချက်များရှိနေပါတယ်။ 

ထို့အပြင် Fiber ဟာ electromagnetic interference (EMI) များနှင့် radio-frequency interference (RFI) များကို သိသိသာသာခံနိုင်ရည်မြင့်မားတဲ့အတွက် လျှပ်စစ် signal များကို သယ် ဆောင်လာမည့် ဓါတ်အားကြိုးများနဲ့ သင်နေထိုင်ရာအဆောက်အုံရဲ့တည်ဆောက်ပုံတို့ကြောင့်လည်း လိုင်းဆွဲအားကိုအနှောင့်အယှက်ဖြစ်စေတော့မှာမဟုတ်ပါဘူး။ 

သဘာဝပတ်ဝန်းကျင်မှ fiber အပေါ်အကျိုးသက်ရောက်မှုများမှာ မရှိသလောက်နည်းပါးသည့် အတွက် ၎င်းဟာ 50 Mbps မှ 100 Gbps အထိမြန်နှုန်းများကိုရရှိနိုင်ပါတယ်။ ဒီမြန်နှုန်းဟာ အခြား အပြိုင်အဆိုင်နည်းပညာများအနေနဲ့ လိုက်၍မမှီတဲ့မြန်နှုန်းတစ်ခုပဲဖြစ်ပါတော့တယ်။

အားသာချက် # ၂: လုံခြုံရေး 
Fiber ကိုအသုံးပြုရခြင်းရဲ့ နောက်ထပ်အားသာချက်တစ်ရပ်ကတော့ ပိုမိုပြီးလုံခြုံစိတ်ချရမှုရှိတဲ့ ကွန်ယက်တစ်ခုကိုထိန်းသိမ်းထားနိုင်ခြင်းပဲဖြစ်ပါတယ်။ 

DdoS တိုက်ခိုက်မှုတွေ ပိုမိုများပြားလာတာနဲ့အမျှ သင့်ရဲ့လုပ်ငန်းကိုတတ်နိုင်သမျှလုံခြုံမှုရှိစေရန် ပြုလုပ်ထားဖို့မှာ မရှိမဖြစ်လိုအပ်လာတဲ့အရာဖြစ်ပါတယ်။ Fiber optic အင်တာနက်ကိုအနှောင့် အယှက်ပြုနိုင်ဖို့ရာအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကေဘယ်လ်ကြိုးကိုဖြတ်ပစ်ဖို့ ပဲဖြစ်ပါတယ်။ အကယ်၍ Fiber ကေဘယ်လ်ကြိုးတစ်ခုဟာ ထိခိုက်မှုဖြစ်သွားခဲ့ပါက အနှောင့် အယှက်ဖြစ်စေတဲ့ signal တစ်ခုဟာ system တစ်ခုလုံးကိုအကျိုးသက်ရောက်မှုရှိစေသည့်အတွက် သင့်ကို လုံခြုံရေးချိုးဖောက်မှုများအားပိုမို၍သိရှိလာနိုင်စေပြီး လိုအပ်သလိုတုန့်ပြန်မှုပြုလုပ်နိုင်စေ မှာပဲဖြစ်ပါတယ်။ ကြေးနီကိုအခြေခံတဲ့ circuit များတွင်တော့ tap လုပ်နိုင်ကာ ဒေတာအချက်အ လက်များကို သင်မသိရစေပဲကြားဖြတ်ခိုးယူမှုပြုနိုင်ပါတယ်။ Fiber တွင် ကေဘယ်လ်ကြိုးရဲ့အပြင် ဖက်သို့ ပျံလွင့်နေတဲ့ signal များလုံးဝရှိမနေတဲ့အတွက်ကြောင့်လည်း အခြားသူများအနေနဲ့ သင့်ရဲ့ ပေးပို့မှုများကိုကြားဖြတ်နားထောင်မှုပြုလုပ်နိုင်စေမှာမဟုတ်ပဲသင့်ရဲ့ကွန်ယက်ကိုပိုမိုလုံခြုံမှုရှိစေမှာ ဖြစ်ပါတယ်။ 

အားသာချက် # ၃: လွယ်ကူစွာပြောင်းလဲနိုင်ခြင်း (အဆင့်မြှင့်တင်နိုင်ခြင်း) 
Optical fiber များဟာ ကြေးနီဝိုင်ယာများထက် ၅ဆခန့်ပိုမိုသေးငယ်ပြီး အဆ၂၀ခန့် ပိုမိုပေါ့ပါးတဲ့ အတွက် ၎င်းတို့ဟာအခြားရွေးချယ်စရာများထက်ပိုမို၍တပ်ဆင်ရလွယ်ကူပါတယ်။ ကေဘယ်လ် ကြိုးအသစ်များကို မူလ fiber ကြိုးများအပေါ်တွင်ထပ်မံတပ်ဆင်အသုံးပြုနိုင်တဲ့အတွက်လည်း ၎င်း တို့ရဲ့စက်ကိရိယာများကို လွယ်ကူစွာအဆင့်မြှင့်တင်နိုင်စေမှာဖြစ်ပါတယ်။ ဒီအရာက လျှင်မြန်စွာတိုး တက်ကြီးထွားလျှက်ရှိတဲ့လုပ်ငန်းများ (သို့) network များကိုတိုးချဲ့တပ်ဆင်ရန်လိုအပ်လျှက်ရှိသော လုပ်ငန်းများအတွက် အလွန်ကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ရပ်ဖြစ်လာစေပါတယ်။ 

Fiber များဟာ လိုအပ်သလိုပိတ်ခြင်း၊ ဖွင့်ခြင်းများလည်းပြုလုပ်နိုင်တဲ့အတွက် လုပ်ငန်းများအနေနဲ့ Fiber optic ကေဘယ်လ်ကြိုးများကို အနာဂါတ်တွင်လိုအပ်လာနိုင်သည့်တိုးတက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားစေနိုင်ပါတယ်။ 

အားသာချက် # ၄: အလုံးစုံကုန်ကျစားရိတ် 
ကနဦးတပ်ဆင်ခများဟာ မြင့်မားပြီး ပိုမိုကုန်ကျမှုရှိနိုင်သော်လည်း (ဒီကိစ္စနှင့်ပတ်သက်ပြီး နောက် ပိုင်းတွင်ဆက်လက်ဖော်ပြပေးပါမည်)၊ Fiber optic အင်တာနက်ကိုအသုံးပြုခြင်းကြောင့်ကုန်ကျ မည့်အလုံးစုံကုန်ကျစားရိတ်ဟာတော့ အခြားသောနည်းလမ်းများထက်ပိုမို၍သက်သာမှုရှိပါတယ်။ 

Fiber ကေဘယ်လ်ကြိုးများဟာ ဆွေးမြည့်ခြင်းဒါဏ်ကိုခံနိုင်ရည်ရှိသည့်အတွက် ထိန်းသိမ်းမှုအ တွက်ကုန်ကျစရိတ်များလိုအပ်ချက်ဟာနည်းပါးပြီး ၎င်းတို့ရဲ့အင်တာနက်ဆက်သွယ်မှုများကို ပိုမို၍ ယုံကြည်အားကိုးရမှုရှိစေပါတယ်။ ဒီအချက်က အခြားသောဝိုင်ယာများအနေနဲ့ သဘာဝအန္တရာယ် များရဲ့ဒဏ်ကိုခံရနိုင်ပြီး မကြာခဏလဲလှယ်မှုပြုရနိုင်မည့်နေရာဒေသများတွင် သူတို့ကိုထိပ်ဆုံးက ရွေးချယ်စရာတစ်ခုဖြစ်လာစေပါတယ်။ 

အားနည်းချက် # ၁: ပျက်စီးလွယ်ခြင်း 

Fiber optic ကေဘယ်လ်ကြိုးများအနေနဲ့ ပေါ့ပါးပြီးသေးငယ်ခြင်းကြောင့် အားသာချက်များရှိသော်လည်း သူတို့ဟာပိုမို၍ထိခိုက်လွယ်ကြပါတယ်။ အကယ်၍တစ်ခုခုနဲ့ ကာကွယ်ထားခြင်းသာမရှိပါက ၎င်းကေဘယ်လ်ကြိုးများကို သင့်ရဲ့အခြေခံအဆောက်အဦးများပြင် ဆင်ရာတွင်နှင့် ကြိုးများပြန်လည်နေရာချထားခြင်းတို့ပြုလုပ်ရာတွင် ပိုမိုပြီးထိခိုက်လွယ်စေမှာဖြစ် ပါတတယ်။ အထူးသဖြင့် ထောင့်ချိုးနေရာများတွင် ကေဘယ်လ်ကြိုးများဟာပိုမိုပြီးထိခိုက်မှုရှိတတ် သည့်အတွက်တပ်ဆင်မှုပြုရာတွင် Fiber ကေဘယ်လ်ကြိုးများကိုဘယ်လိုသေချာစွာတပ်ဆင်ရမလဲ ဆိုတာကို သိရှိနားလည်ထားသည့်ကုမ္ပဏီများကိုသာဌားရမ်းအသုံးပြုဖို့မှာအရေးကြီးပါတယ်။

ပိုမိုများပြားတဲ့ဝန်ထမ်းများဟာ ကေဘယ်လ်တစ်ခုတည်းကိုအတူတကွအသုံးပြုလာကြမှာဖြစ်ပြီး ဒီကေဘယ်လ်များဟာ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများပိုမိုဖြစ်ပွားစေနိုင်သည့်အတွက် ပေါက်ပြဲမှုတစ် ရပ်ဟာသင့်လုပ်ငန်းတစ်ရပ်လုံးတွင် ကုန်ထုပ်လုပ်မှုစွမ်းရည်များကိုကြီးမားစွာအနှောင့်အယှက်ဖြစ် စေပြီး ပိုမိုများပြားသည့်သူများအပေါ်သို့ အကျိုးဆက်များသက်ရောက်မှုရှိစေနိုင်မှာဖြစ်ပါတယ်။ 

အားနည်းချက် # ၂: ကနဦးတပ်ဆင်ခ 
အခြားသမားရိုးကျအင်တာနက်ချိတ်ဆက်မှုများနှင့်နှိုင်းစာလျှင် ပိုမိုနည်းပါးတဲ့အလုံးစုံကုန်ကျစား ရိတ်ရှိသော်လည်း သင့်ရဲ့ CFOနဲ့ ထိုအကြောင်းပြောဆိုရတဲ့အခါမှာ ကနဦးတပ်ဆင်ခရဲ့ ကုန်ကျစား ရိတ်တွေကြောင့် မီးနီပြသွားနိုင်ပါတယ်။ ကေဘယ်လ်များအတွက်ကုန်ကျစားရိတ်များအပြင်၊ တပ် ဆင်ခများ၊ ပါမစ်လျှောက်ထားမှုများ၊ connection nexuses နှင့် fiber endpoint များအပြင် တပ် ဆင်ရန်နှင့် စမ်းသပ်မှုပြုလုပ်ရန်အတွက် အထူးပြုထားသည့်အကူကိရိယာများလိုအပ်မှာဖြစ်ပါ တယ်။ အကယ်၍သင့်ရဲ့အဆောက်အဦးဟာ fiber အင်တာနက်အသုံးပြုနိုင်ရန်အတွက် ကြိုးများ တပ်ဆင်ပြီးဖြစ်ပါက ဒီကုန်ကျစားရိတ်များကို လျှော့ချနိုင် (သို့) လုံးဝပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ 
 

(Unicode)




















NEWS

Find internet providers in your area

Compare the MYANMAR's best internet service providers and plans near you.