President Joe Biden requests $25 Billion Budget for NASA for 2023

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.4.2022 | အမေရိကန်သမ္မတ Joe Biden မှ ၂၀၂၃ ခုနှစ်တွင် NASA အတွက် ကန်ဒေါ်လာ ၂၆ ဘီလျံ Budget ချပေးရန် တောင်းဆို

အမေရိကန်သမ္မတ Joe Biden မှ ၂၀၂၃ ခုနှစ်တွင် NASA အတွက် ကန်ဒေါ်လာ ၂၆ ဘီလျံ တောင်းဆိုခဲ့ပါတယ်။ ဒါဟာလက်ရှိဘဏ္ဍာနှစ်အတွက် ရရှိခဲ့တဲ့ ပမာဏထက် ကန်ဒေါ်လာ ၂ ဘီလျံခန့် ပိုမိုများပြားသောပမာဏဖြစ်တယ်လို့  အိမ်ဖြူတော်မှ အသစ်ထုတ်ပြန်ထားတဲ့ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများအရ သိရှိရပါတယ်။

အဆိုပါတောင်းဆိုချက်အတိုင်း အတည်ပြုပေးလိုက်ပြီဆိုပါက - အဆိုပါဘတ်ဂျက်ပမာဏရဲ့ ၃ ပုံတစ်ပုံခန့်ဟာ NASA ရဲ့ Artemis program လို့အမည်ရတဲ့ လူသားများကို လကမ္ဘာသို့ပြန်လည်စေလွှတ်မည့် အစီအစဉ်တွင် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

အဆိုပါအစီအစဉ်အရ အကြမ်းဖျင်းအားဖြင့် ကန်ဒေါ်လာ ၇.၅ ဘီလျံခန့်ကို Artemis အတွက်ရည်စူးထားပြီး လကမ္ဘာပေါ်သို့ ပထမဆုံးအမျိုးသမီးတစ်ဦးနှင့် လူမည်းတစ်ဦးကို ၂၀၂၅ ခုနှစ်ခန့်တွင် ပို့ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း သိရှိရပြီး အဆိုပါ funding ရဲ့ တစိတ်တပိုင်းကိုတော့ လူသားများကို ကမ္ဘာပေါ်မှ - လကမ္ဘာပေါ်သို့ အသွားအပြန် သယ်ယူပို့ဆောင်မှုပြုလုပ်ပေးနိုင်မည့် Lunar lander ယာဉ်တစ်စီးကို တည်ဆောက်သွားဖို့အတွက် အသုံးပြုသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။