Popular US share-trading app Robinhood has been hit with a cybersecurity breach

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

15.11.2021 | ရေပန်းစားလျှက်ရှိနေသော US ရှယ်ယာကုန်သွယ်ရေး app တစ်ခုဖြစ်တဲ့ Robinhood တွင် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုတစ်ရပ်ဖြစ်ပွားခဲ့

အမေရိကန် (US) ရှယ်ယာကုန်သွယ်ရေး app တစ်ခုဖြစ်တဲ့ Robinhood တွင် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှုတစ်ရပ်ဖြစ်ပွားခဲ့ပြီး အသုံးပြုသူ (၇) သန်းခန့်ရဲ့ အမည်များနဲ့ e-mail လိပ်စာများ ပေါက်ကြားခဲ့ကြောင်း BBC News မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ကုမ္ပဏီဘက်ကတော့ အဆိုပါလုံခြုံရေးကျိုးပေါက်မှုဟာ “ကျွန်ုပ်တို့ရဲ့ customer အချို့ရဲ့ ကိုယ်ရေးအချက်အလက်အနည်းငယ်သာ ပေါက်ကြားခဲ့တာဖြစ်ပါတယ်” ဟူ၍ပြောကြားခဲ့ပြီး ၎င်းတို့ကောက်ယူထားတဲ့ အရေးအကြီးဆုံးအချက်အလက်များဖြစ်တဲ့ - အမေရိကန်နိုင်ငံသားအမှတ်များနဲ့ ငွေရေးကြေးရေးဆိုင်ရာအချက်အလက်များကိုတော့ ခိုးယူရရှိသွားခြင်းမရှိဘူးဟူ၍ တထစ်ချယုံကြည်ထားတယ်လို့ သိရှိရပါတယ်။ 

Robinhood မှ အဆိုပါဒေတာအချက်အလက်များပေါက်ကြားမှုမရှိစေရေးအတွက် ငွေညှစ်တောင်းခံလာမှုကို ပေးကမ်းရန်ငြင်းဆိုခဲ့ပြီး အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကို အာဏာပိုင်များသို့တိုင်ကြားခဲ့ပါတယ်။ “ဒီလိုငွေညှစ်လာမှုကို ခေါင်းငုံ့ခံသွားမယ့်အစား ကျွန်ုပ်တို့အနေနဲ့ အာဏာပိုင်များသို့တိုင်ကြားမှုပြုလုပ်ခဲ့ပြီး ပြင်ပ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုကို ဒီကိစ္စနဲ့ပတ်သက်၍ ဖြေရှင်းပေးရန် အကူအညီအနေနဲ့ ဌားရမ်းမှုပြုလုပ်ခဲ့ပါတယ်” ဟူ၍ Robinhood မှ ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။