Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
လာမည့် February လတွင် အချို့သော လူသုံးများတဲ့ Android app များဟာ United States ရှိ အသုံးပြုသူများအတွက်ဖယ်ရှားပေးရတော့မှာပဲဖြစ်ပါတယ်။ အဆိုပါစာရင်းတွင် စုစုပေါင်း Android app ၈ ခုပါဝင်ပြီး အဆိုပါ app များထဲမှ တစ်ခုဟာ အကြိမ်ပေါင်း ၁ ဘီလျံခန့် download ပြုလုပ်သူများရှိခဲ့ပြီး အခြားသော app များဟာလည်း အနည်းဆုံး အကြိမ်ပေါင်း သန်း ၁၀၀ ခန့် download ပြုလုပ်သူများ ရှိနေခဲ့ပါတယ်။
ဒီလူသုံးများတဲ့ Android app များဟာ သမ္မတကြီး Donald Trump မှ နောက်ဆုံးသမ္မတတာဝန်ထမ်းဆောင်ချိန်အတွင်း ထုတ်ပြန်ခဲ့တဲ့ အမိန့်စာတစ်စောင်ဖြစ်ကာ Android Police မှ ရေးသားခဲ့တဲ့သတင်းများအရ တရုတ်နိုင်ငံထုတ် App အချို့ထံသို့ မည်သည့်အမေရိကန်နိုင်ငံသားကမှ မဆို “ငွေလွှဲမှုပြုလုပ်ခြင်း” ကို တားမြစ်ခဲ့တာပဲဖြစ်ပါတယ်။
အဆိုပါအမိန့်စာရဲ့ အသေးစိတ်အကြောင်းအရာကတော့ “အချို့သော တရုတ်မှထုတ်လုပ်ထားတဲ့ Software application များဟာ အမေရိကန်နိုင်ငံအတွင်းရှိအသုံးပြုသူများထံမှ များစွာသောအချက်အလက်များကို အလိုအလျှောက်ကောက်ယူမှုပြုလုပ်နေကြပြီး ထိုအထဲတွင် အရေးကြီးသော ကိုယ်ရေးအချက်လက်များနဲ့ တစ်ကိုယ်ရ့ည်ကိစ္စများပါဝင်နေပြီး အမေရိကန်နိုင်ငံသားတစ်ဦးရဲ့ ကိုယ်ပိုင်ငွေကြေးဥစ္စာပိုင်ဆိုင်မှုနှင့် တစ်ကိုယ်ရည်အချက်များထံသို့ တရုတ်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီတို့မှ ဝင်ရောက်အသုံးချနိုင်စွမ်းရှိနေတဲ့အတွက်ကြောင့် အမေရိကန်အစိုးရအနေနဲ့ အဆိုပါ တရုတ် app များကို တားမြစ်ရခြင်းဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။” ယခုအခါ အမေရိကန်နိုင်ငံအတွင်းအသုံးပြုခြင်းမှ တားမြစ်ခံရတော့မည့် app များကတော့ Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay, နဲ့ WPS Office တို့ဖြစ်ကြပါတယ်။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။