Pfizer/BioNTech’s COVID-19 Vaccine Can Fully Protect Teens: The Company Claims

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.4.2021 | Pfizer နှင့် BioNTech တို့ရဲ့ COVID-19 ရောဂါကာကွယ်ဆေးဟာ ဆယ်ကျော်သက်များကို အပြည့်အဝကာကွယ်ပေးနိုင်ပြီဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်ခဲ့ 

Ars မှ သတင်းဆောင်းပါးတစ်ပုဒ်အရ အသေးစားဓါတ်ခွဲခန်းစမ်းသပ်မှုတစ်ခုတွင် Pfizer/ BioNTech mRNA ကိုဗစ်ရောဂါကာကွယ်ဆေးကိုထိုးနှံခဲ့ရတဲ့ အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်းရှိလူငယ်များအား COVID-19 ရောဂါမှ အပြည့်အဝကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

အဆိုပါ mRNA ရောဂါကာကွယ်ဆေးဟာ ဆယ်ကျော်သက်အရွယ်များတွင် ရောဂါကာကွယ်ရေးတုန့်ပြန်မှုများကို ခန္ဓာကိုယ်မှထုတ်လွှင့်ပေးနိုင်စေရန်အကျိုးပြုရာတွင် အသက် ၁၆-၂၅ အတွင်းအရွယ်များနှင့် နှိုင်းစာလျှင် အသက် ၁၂-၁၅ အတွင်းအရွယ်များတွင် ပို၍ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရပြီး SARS-CoV-2 ကိုတိုက်ဖျက်နိုင်မယ့် ပဋိဇီဝပစ္စည်းများကိုပိုမိုမြင့်မားစွာတွေ့ရှိခဲ့ရကြောင်း ကုမ္ပဏီမှ ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါစမ်းသပ်မှုတွင် အသက် ၁၂-၁၅ ကြား လူငယ်ပေါင်း ၂,၂၆၀ ပါဝင်ခဲ့ကြပြီး ထိုအထဲမှ ၁,၁,၃၁ ဦးကို mRNA ကာကွယ်ဆေးထိုးနှံပေးခဲ့ကာ ကျန် ၁,၁၂၉ ဦးကိုတော့ ကာကွယ်ဆေးထိုးနှံခြင်းမပြုခဲ့ပါဘူး။ အဆိုပါစမ်းသပ်မှုအတွင်းမှ ၁၈ ဦးဟာ COVID-19 နှင့်ပတ်သက်တဲ့ရောဂါလက္ခဏာများပြသလာခဲ့ပြီး ထိုသူများအားလုံးဟာ ကာကွယ်ဆေးထိုးနှံခြင်းမပြုခဲ့တဲ့ အဖွဲ့အတွင်းမှဖြစ်ခဲ့ပါတယ်။ ထို့ကြောင့် မတ်လ ၃၁ ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကုမ္ပဏီမှ “သူတို့ရဲ့ ကိုဗစ်ရောဂါကာကွယ်ဆေးဟာ ၁၀၀% ထိရောက်မှုကို ပေးစွမ်းနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။