Pebble founder starts a petition to sway manufacturers to produce a small android phone

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

5.6.2022 | သေးငယ်တဲ့ android ဖုန်းတစ်လုံးကို ထုတ်လုပ်ပေးရန် manufacturer များကို တိုက်တွန်းဖို့အတွက် Pebble ကုမ္ပဏီတည်ထောင်သူမှ petition တစ်ခုကို စတင်ပြုလုပ်ခဲ့ 

Pebble smartwatch ကုမ္ပဏီကို တည်ထောင်သူနှင့် ဦးဆောင်သူဖြစ်ပြီး iMessage ကို Android ပေါ်သို့ သယ်ဆောင်ပေးနိုင်မယ့် chat app တစ်ခုကို ပြုလုပ်လျှက်ရှိနေသော Eric Migicovsky ထံတွင် နောက်ထပ် ရည်ရွယ်ချက်အသစ်တစ်ခုရှိနေပါတယ်။ ဒါကတော့ လက်တစ်ဖက်တည်းဖြင့် ကိုင်၍အသုံးပြုနိုင်မည့် Android phone ကို တစ်စုံတစ်ယောက်မှ ထုတ်လုပ်ပေးစေဖို့ပဲဖြစ်ပါတယ်။ The Verge နှင့် ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုတွင် သူ့ရဲ့ ပြောကြားချက်အရ သေးငယ်တဲ့ဖုန်းများကို ကြိုက်နှစ်သက်သူများကို စုစည်း၍ ဖုန်းထုတ်လုပ်သူများနှင့် supplier များကို သေးငယ်တဲ့ဖုန်းများထုတ်လုပ်ပေးလာစေဖို့ တိုက်တွန်းဖို့ ရည်ရွယ်ထားကြောင်း သိရှိရပါတယ်။ 

ဒီလိုပြုလုပ်နိုင်ဖို့အတွက် သူက smallandroidphone.com လို့အမည်ပေးထားတဲ့ website တစ်ခုကို တည်ဆောက်ခဲ့ပြီး  ထိုနေရာတွင် သူနှစ်သက်တဲ့ဖုန်းပုံစံကို ရှင်းပြထားပါတယ်။ ယျေဘူယျအားဖြင့် သူက iPhone Mini အရွယ်အစားခန့်သာရှိပြီး Android ဖြင့် operate ပြုလုပ်သည့် flagship ဖုန်းတစ်လုံးကို လိုချင်တာဖြစ်ပြီး အဆိုပါ website ပေါ်တွင် သေးငယ်သောဖုန်းများဟာ ကောင်းမွန်တဲ့အကြောင်း ရေးသားထားပြီး သူနဲ့အမြင်တူတဲ့သူများကို petition တစ်ခုတွင် လက်မှတ်ရေးထိုးသွားကြရန် တောင်းဆိုထားခဲ့ပါတယ်။ 

Migicovsky က screen အရွယ်အစား ၆ လက်မသာရှိမယ့် Android flagship ဖုန်းတစ်လုံးကို ပြုလုပ်ခြင်းအတွက် ကုန်ကျရမယ့် အချိန်နဲ့ ငွေကြေးဟာ ထုတ်လုပ်သူများအဖို့ အကျိုးရှိစေမှာဖြစ်တယ်ဆိုတာကို ပြသနိုင်ဖို့အတွက် လူပေါင်း ၅ သောင်းခန့်ကို ပါဝင်ကူညီပေးဖို့ တောင်းဆိုခဲ့ပြီး အဆိုပါ site ကို စတင်တည်ထောင်ပြီး ၁၂ နာရီအတွင်း လက်မှတ်ပေါင်း ၆၀၀၀ ခန့်ကို ရရှိခဲ့ပြီး နောက်တစ်ရက်မှာတော့ လက်မှတ်ပေါင်း ၁၀,၀၀၀ ကျော်ခန့်ကို ရရှိခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။  
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။